by Win May May Htay
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၁၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ မင်္ဂလာဒုံမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၅ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၂၂ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ကူးစက်ခံရသူ လူနာများအနက် Case - 5367, Case - 5468, Case - 5059 စသည့် လူနာ ( ၃ ) ဦး သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၈၀၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၆၀) ဦး နှင့် သေဆုံးလူနာ (၉၄) ဦး ရှိပြီ ဖြစ်သည်။