ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၁၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ လှိုင်သာယာမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၁၆ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၅၃ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများအနက် Case-၅၃၆၇၊Case-5468၊ Case- 5059 လူနာ ( ၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၈၀၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၆၀) ဦး ရှိပြီ ဖြစ်ကာ သေဆုံးလူနာ (၉၄) ဦး ရှိပြီ ဖြစ်သည်။