Government News

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် COVID-19 လူနာသစ် ( ၄ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၃၆ ) ဦး ရှိလာ

Read 197 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၁၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၄ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၃၆ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများအနက် Case-၅၃၆၇၊Case-5468၊ Case- 5059 လူနာ ( ၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၈၀၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၆၀) ဦး ရှိပြီ  ဖြစ်ကာ သေဆုံးလူနာ (၉၄) ဦး ရှိပြီ ဖြစ်သည်။

Bookmark