COVID-19 သည် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့ပြီး ယနေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် စောင့်ကြည့်လူနာ (၁,၈၇၈) ဦးရှိပြီး ရောဂါကူးစက်ခံရသူ (၁၀၇) ဦးနှင့် သေဆုံးသူ (၅) ဦး ရှိကာ ပြန်လည်ကောင်းမွန်သူ (၅) ဦး ရှိသည်။
ဧပြီလ ၁၉ ရက် မနက် (၇) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တွင် Covid-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေသော မြို့နယ် ( ၂၂ ) မြို့နယ်ရှိကြောင်း သိရသည်။ ၄င်းတို့မှာ...
- အင်းစိန်မြို့နယ် (၂၀) ဦး
- တောင်ဥက္ကလာပမြို့နယ် (၁၃) ဦး
- ဗဟန်းမြို့နယ် (၁၂) ဦး
- မရမ်းကုန်းမြို့နယ် (၈) ဦး
- ပန်းဘဲတန်းမြို့နယ် (၆) ဦး
- လှိုင်သာယာမြို့နယ် (၄) ဦး
- ရွှေပြည်သာမြို့နယ် (၃) ဦး
- မင်္ဂလာတောင်ညွန့်မြို့နယ် (၂) ဦး
- ဗိုလ်တထောင်မြို့နယ် (၂) ဦး
- မြောက်ဥက္ကလာပမြို့နယ် (၂) ဦး
- စမ်းချောင်းမြို့နယ် (၂) ဦး
- ဒေါပုံမြို့နယ် (၂) ဦး
- မြောက်ဒဂုံမြို့နယ် (၂) ဦး
- မင်္ဂလာဒုံမြို့နယ် (၁) ဦး
- လှည်းကူးမြို့နယ် (၁) ဦး
- အလုံမြို့နယ် (၁) ဦး
- ပုဇွန်တောင်မြို့နယ် (၁) ဦး
- တောင်ဒဂုံမြို့နယ် (၁) ဦး
- တာမွေမြို့နယ် (၁) ဦး
- သင်္ဃန်းကျွန်း(၁) ဦး
- လမ်းမတော်မြို့နယ် (၁) ဦး
- ကမာရွတ်မြို့နယ် (၁) ဦး စုစုပေါင်း (၈၇) ဦး ဖြစ်သည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရောဂါပိုးကူးစက်ခံရသူများမှာ..
- တီးတိန်မြို့တွင် (၄) ဦး၊
- ပေါက်ခေါင်းမြို့တွင် (၄) ဦး၊
- ကလေးမြို့တွင် (၂) ဦး၊
- မန္တလေးမြို့တွင် (၂) ဦး၊
- နေပြည်တော်တွင် (၁) ဦး၊
- ကျောက်မဲမြို့တွင် (၁) ဦး၊
- ကျိုက်မရောတွင် (၁) ဦး၊
- တောင်ကြီးတွင် (၁) ဦး၊
- ပြည်မြို့တွင် (၁) ဦး၊
- မကွေးမြို့တွင် (၁) ဦး၊
- မိုင်းဖြတ်တွင် (၁) ဦး၊
- တာချီလိတ်တွင် (၁) ဦး စုစုပေါင်း (၂၀) ဦး ရှိသည်။
ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ အများဆုံးနှင့် သေဆုံးသူ အများဆုံးသော တိုင်းဒေသကြီး ဖြစ်သည်။
Su Mon Oo ( Mine )