Health

သုံးပတ်အတွင်း Covid-19 ကူးစက်ခံရသူ (၄၁) ဦးနဲ့ သေဆုံးသူ (၄) ဦးထိ ရှိလာ

Read 772 times

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ စတင်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၂) ဦး တွေ့ရှိခဲ့ပြီး ယနေ့ ဧပြီလ ၁၂ ရက်ထိ သုံးပတ်အတွင်း ကူးစက်ခံရသူ (၃၉) ဦးနှင့် သေဆုံးသူ (၄) ဦး ရှိလာခဲ့ပြီ ဖြစ်သည်။

ကူးစက်ခံရသူနှင့် သေဆုံးသူစာရင်းကို ရက်အလိုက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

မတ်လ ၂၃ ရက်တွင် (၂) ဦး 
- တီးတိန်ပြည်သူ့ဆေးရုံ (၁)
- ဝေဘာဂီဆေးရုံ (၁)

မတ်လ ၂၅ ရက်တွင် (၁) ဦး
- အင်းစိန်ဆေးရုံ

မတ်လ ၂၇ ရက်တွင် (၂) ဦး
- ရန်ကုန်ဆေးရုံကြီး (၁)
- မန္တလေး ကန်တော်နဒီဆေးရုံ ( သေဆုံး ) 

မတ်လ ၂၈ ရက်တွင် (၃) ဦး
- ဝေဘာဂီဆေးရုံ (၁)
- နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံ (၁)
- ရန်ကုန်ဆေးရုံ (၁)

မတ်လ ၂၉ ရက်တွင် (၂) ဦး
- ဝေဘာဂီဆေးရုံ (၁)
- မင်္ဂလာဒုံ၊ ပုလဲမြို့သစ် ပြည်သူ့ဆေးရုံ (၁)

မတ်လ ၃၀ ရက်တွင် (၄) ဦး
- ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု  (၃)
- ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံ (၁)

မတ်လ ၃၁ ရက်တွင် (၁) ဦး
- မြောက်ဉက္ကလာပဆေးရုံ

ဧပြီလ ၁ ရက်တွင် (၁) ဦး
- မြောက်ဉက္ကလာပဆေးရုံ( သေဆုံး )

ဧပြီလ ၂ ရက်တွင် (၄) ဦး
- ပဲခူး၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ ( ၁ ဦးသေဆုံး၊ ကျန်သည့် မိသားစုဝင် ၃ ဦး လက်ရှိ ဝေဘာဂီဆေးရုံတွင် ရှိသည်။ )

ဧပြီလ ၄ ရက်တ္ငင် (၁) ဦး
- ရန်ကုန်အရှေ့ပိုင်းဆေးရုံ

ဧပြီလ ၆ ရက်တွင် (၁) ဦး
- ဝေဘာဂီဆေးရုံ

ဧပြီလ ၉ ရက်တွင် (၁) ဦး
- တီးတိန်ပြည်သူ့ဆေးရုံ

ဧပြီလ ၁၀ ရက်တွင် (၅) ဦး
- မြောက်ဉက္ကလာပဆေးရုံ (၂)
- ရန်ကုန်ဆေးရုံကြီး (၂)
- ကျိုက်မရော ပြည်သူ့ဆေးရုံ (၁)

ဧပြီလ ၁၁ ရက်တွင် (၃) ဦး
- ဝေဘာဂီဆေးရုံ (၁)
- တီးတိန်ပြည်သူ့ဆေးရုံ (၁)
- တောင်ကြီး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံ (၁)

ဧပြီလ ၁၂ ရက်တွင် (၈) ဦး
- လှည်းကူးပြည်သူ့ဆေးရုံ (၁) 
- အင်းစိန်ပြည်သူ့ဆေးရုံ (၆) 
- ရန်ကုန်ဆေးရုံကြီး ( သေဆုံး )

လက်ရှိတွင် Covid-19 စောင့်ကြည့်/ သံသယလူနာ ၁,၁၀၅ ဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ ၁၄၃ ဦးရှိပြီး ၉၂၄ ဦးတွင် ပိုးမရှိကြောင်း သိရသည်။

MOHS

Bookmark