Careers & Jobs

ဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့ရှိမှုကြောင့် အင်းစိန် ဖော့ကန် Citymart အား ယာယီပိတ်ထားမည်

Read 1719 times

ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ City Mart Supermarket ဖော့ကန်ဆိုင်ခွဲအား အောက်တိုဘာလ (၂၄)ရက်နေ့မှ စတင်ကာ ယာယီ ပိတ်သွားမည် ဖြစ်ကြောင်း City Mart ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သိရသည်။

ဖော့ကန်ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းတစ်ဦးမှ ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုချက် ရခဲ့သည့်အတွက် ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့် ရက်ကိုမူ အတိအကျ မသိရသေးပေ။

Citymart Center အတွင်း၌လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပိုးသတ်ဆေး ဖြန်းခြင်းနှင့် သန့်ရှင်းရေးများ ပြုလုပ်လျက် ရှိပြီး ဝန်ထမ်းအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် အင်းစိန်၊ ဖော့ကန်တစ်ဝိုက်ရှိ ဈေးဝယ်သူ မိဘပြည်သူများ အနေဖြင့် ဈေးဝယ်ယူလိုပါက Citymart သမိုင်းဆိုင်ခွဲ၊ Citymart ကျန်စစ်မင်း လှိုင်သာယာ ဆိုင်ခွဲနှင့် Citymall Online Website မှတစ်ဆင့် မှာယူနိုင်သည်။

Website Link >> www.citymall.com.mm

ထို့ပြင် နေ့စဉ်သုံး ပစ္စည်းများအား CMHL ၏ City2U အိမ်အရောက် ဈေးဝယ်ယူ ပို့ဆောင်ပေးသော ဝန်ဆောင်မှု မှတစ်ဆင့် မှာယူနိုင်ပြီး ပို့ဆောင်ခ (၂,၀၀၀) ကျပ်နှုန်းဖြင့် မှာယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

Order မှာယူရန် Link >> https://bit.ly/cmhlorder

ရန်ကုန်တစ်မြို့လုံးရှိ Citymart ဆိုင်ခွဲများ၏ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

နံနက် (၇) နာရီမှ ည (၉) နာရီအထိ
>> Citymart Waizayanda Branch.

နံနက် (၁၀) နာရီမှ ည (၇) နာရီအထိ
>> Junction 8, Junction Zawana, Junction Mawtin and Junction Square.

နံနက် (၉) နာရီမှ ည (၈) နာရီအထိ
>> 62nd Street and Nan Shay 19th Street Branches, Mandalay.

နံနက် (၉) နာရီမှ ည (၉) နာရီအထိ
>> Other Branches.

ရန်ကုန်တစ်မြို့လုံးရှိ Citymart ဆိုင်ခွဲများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
>> https://bit.ly/3e2KUVW

Source from Citymart Facebook 

Bookmark