ရန်ကင်းစင်တာ City Mart Supermarket တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် ထိုစင်တာရှိ City Mart Supermarket၊ City Care နှင့် City Books & Music ဆိုင်ခွဲများအား စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားမည် ဟု City Mart Holding Co., Ltd မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလူနာမှာ City Mart မှ COVID-19 တွေ့ရှိသူ ငါးဦးမြောက်လူနာလည်းဖြစ်သည် ။
မြေနီကုန်းရှိ City Mart မှ အရောင်းဝန်ထမ်းတစ်ဦးမှာလည်း (၁၉)ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ထိုဝန်ထမ်းနှင့် အနီးကပ် အလုပ်လုပ်ကိုင်ခဲ့ကြသည့် အခြားဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအားလုံးကိုလည်း ကန့်သတ်စောင့်ကြည့်လျက်ရှိသည် ။
ဆိုင်ဖွင့်ရာတွင်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် အထိအတွေ့များသောနေရာများဖြစ်သည့် တံခါးလက်ကိုင်များ၊ လှေကားလက်ရန်းများ ၊ စျေးဝယ်တွန်းလှည်းများနှင့် ခြင်းများ၊ ငွေရှင်းကောင်တာများနှင့် သန်စင်ခန်းများအား ပိုမို ပိုးသတ်ဆေးဖြန်းခြင်းများကို လုပ်ဆောင်လျက်ရှိသည်ဟုလည်းသိရသည်။
စျေးဝယ်သူများ၏ လုံခြုံစိတ်ချရေးအတွက် စျေးဝယ်စင်တာများရှိ City Mart များကို ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲ ပြုလုပ်ခဲ့ရာ အချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
မနက် (၁၀) မှ ည (၇) ထိ ဖွင့်မည့် ဆိုင်များ
- Junction Square - Juntion Mawtin - Juntion 8 - Junction Zawana
မနက် (၇) မှ ည (၉) ထိ ဖွင့်မည့် ဆိုင်များ
- Waizayantar Branch
အထက်ပါ ဆိုင်များနှင့် ပိတ်ထားသည့် ရန်ကင်းစင်တာမှလွဲ၍ ကျန်သည့် City Mart ဆိုင်ခွဲများအားလုံး မနက် (၉) မှ ည (၉) ထိ ပုံမှန်အတိုင်း ဖွင့်လှစ်သွားသွားမည် ဖြစ်သည်။
By Aung Myo Hein