Movies

သင်ဆိုရင် Casablanca ဇာတ်ကားထဲက Rick လို အချစ်မျိုးနဲ့ ချစ်နိုင်ပါ့မလား

Read 861 times

အချစ်ကားတွေထဲအခုချိန်ထိကလေးဘဝထဲကကြည့်ကြည့်ချင်းစွဲလမ်းခဲ့ရတာတော့ Humphrey Bogart ရဲ့ Casablanca ရုပ်ရှင်ကားလေးပါ။ ရိုက်ကူးမှု ဒါရိုက်တာက Michael Curtiz ရိုက်ကူးခဲ့တာဖြစ်ပြီး  Murray Burnett Joan Alison ရဲ့ Everybody Comes to Rick's ပြဇာတ်ကို ဇာတ်အိမ်ယူထားတာပါတဲ့။

သရုပ်ဆောင်တွေအနေနဲ့ကတော့ - မင်းသားကြီး Humphrey Bogart က  Rick အဖြစ်ပါဝင်ထားကာ မင်းသမီးချော  Ingrid Bergman က Ilsa အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ပို့ သရုပ်ဆောင် Paul Henreid က Victor အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။

အခြားသရုပ်ဆောင်တွေအနေနဲ့ - Claude Rains , Conrad Veidt , Sydney Greenstreet
တို့ အပြင် Peter Lorre တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။

ဒီကားလေးကိုWarner Bros က တာဝန်ယူဖြန့်ချိခဲ့တာဖြစ်ပြီး ပြသတဲ့ရက်ကတော့ November 26, 1942 မှာ (Hollywood Theatre)တွေမှာပြသကာ January 23, 1943 (United States)ကရုံတွေမှာပြသခဲ့ပါတယ်။ဇာတ်ကားကြာချိန်က ၁ နာရီနဲ့ ၄၂ မိနစ်ပါ။မိသားစုနဲ့အတူကြည့်လို့ရတဲ့ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအနည်းငယ်ကတော့ - ဒီရုပ်ရှင်ကားလေးကို ဇာတ်အိမ်တည်ထားတဲ့အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်နေစဲကာလ ဂျာမန်တွေကြီးစိုးအချိန်ပေါ့ Morocco ရဲ့မြို့တော်ဖြစ်တဲ့ Casablanca ကို နိုင်ငံရေးခိုလှုံဒုက္ခသည်တွေအပြည့်နဲ့ပိတ်မိနေကြတာတယ်။နာဇီဂျာမန်တွေကလည်းခက်ဆိုးဆိုးတွေပါပုန်ကန်ထကြွသူဆိုရင်ဖမ်းတယ်သတ်ပစ်တယ် အမျိုးစုံပေါ့ ခိုလှုံတဲ့ဒုက္ခသည်တွေလည်းအတော်အကျပ်ကြုံချိန်ပေါ့။

Rick Blaine (Humphrey Bogart) ဟာ nightclub ကြီးတစ်ခု Casablanca မှာဖွင့်ထားသူပါ သူ့ Night club ဖွင့်တဲ့ စီးပွားရေး လုပ်ငန်းဟာလူအတော်များများကိုဆွဲဆောင်နိုင်တဲ့လုပ်ငန်းပါ သူ့ နိုက်ကလပ်ကို စစ်ဘက်ဆိုင်ရာ ဂျာမန်တွေပြင်သစ်တွေရောလာကြတာပေါ့။ ထို့ပြင် Rick ဟာသေနတ်တွေလဲ ကုန်သွယ်ရောင်းချပါသေးတယ် ထို့ကြောင့်လဲ Rick ဟာမာနခပ်ကြီးကြီးနဲ့အရှိန်အဝါရှိတဲ့လူပေါ့။

တရက် သူ့ရဲ့ nightclub မှာRick ရဲ့စန္ဒယားဆရာရောသူငယ်ချင်းရောဖြစ်တဲ့ Sam ကို Ilsa ဆိုတဲ့အမျိုးသမီးလေးက As Times Goes By သီချင်းလေး ဆိုပြခိုင်းပါတယ် Rick ဟာ Sam ကို အဲ့သီချင်းမဆိုဖို့မှာထားတယ်လေဆိုလားပြောရင်း Rick ဟာနှစ်အတော်ကြာက ပြတ်သွားပြီးရှာမရတော့တဲ့ သူ့အရင်ရည်းစား Ilsa (Ingrid Bergman) ကိုပြန်တွေ့ခဲ့ပါတယ် တကယ်တော့အဲ့သီချင်းလေးဟာ Rick နဲ့ Ilsa နဲ့အတွက် အမှတ်တရတွေရှိနေလို့ပါ။

သို့ပေမဲ့သူဟာကံမကောင်းရှာပါဘူး သူ့ချစ်သူ Ilsa ဟာ Victor Laszlo (Paul Henreid)နဲ့ယူထားတဲ့အိမ်ထောင်ကျနေတဲ့အမျိုးသမီးအဖြစ်နဲ့ပြန်တွေ့တာပါ။Ilsa ဟာ Rick ရဲ့ night club ကိုသူ့ယောက်ျားဖြစ်သူ Victor နဲ့အတူလာတာပါ။Victor Laszlo ဟာချက်လူမျိုးနာမည်ကြီးပုန်ကန်ထကြွသူပါ။

ပြီးတော့ သူတို့လင်မယားပြန်သွားတော့ Rick ဟာ အတော်နဲ့မပြန်သေးပဲ Sam ကပြန်ဖို့ပြောသော်လည်း Rick ဟာ Ilsa ပြန်လာမယ်လို့ပြောကာစောင့်နေပါတယ် သူ့စန္ဒယားသမား Sam ကိုဒီကားလေးထဲက featured song ဖြစ်တဲ့ As Times Goes By သီချင်းလေး ဆိုပြခိုင်းပြီးသူနဲ့ Ilsa ရဲ့အရင်တစ်ချိန်က ပဲရစ်မြို့မှာ ပျော်ခဲ့ပါးခဲ့ပုံလေးတွေပြန်မြင်နောက်ကြောင်းကိုပြန်ပါတယ်။

ပျော်ပါးချစ်ခဲ့ကြပေမဲ့ အတူတူထွက်သွားကြမယ်ဆိုပြီးဘူတာရုံမှာချိန်းတဲ့အချိန်မှာ Ilsa ဟာလာမယ်ပြောပြီးမလာခဲ့ပဲစာတစ်စောင်သာချန်ထားခဲ့ပါတယ် ထိုစဉ်းစားနေချိန်အတွင်းမှာပဲ။Ilsa ရောက်လာပါတယ် သို့ပေမဲ့ Rick ကခံစားခဲ့ရသူဆိုတော့လိုရာဆွဲပြောတော့ Ilsa ပြန်ထွက်သွားရှာပါတယ်။

သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုဇာတ်လမ်းကဆက်လက်ကြည့်သင့်တဲ့ကားလေးပါ။ကဲ အဲ့မှာဇာတ်လမ်းတွေက Rick Blaine (Humphrey Bogart)ဟာ သူမတွေးသင့်တော်မှန်းလဲသူသိပါတယ် ဒါပေမဲ့ အချစ်လေ အချစ်ဆိုတာက ထိန်းချုပ်လို့မှမရတာကွယ်။

Ilsa ကလည်း Rick ကိုချစ်တယ်နော်သူ့မျက်လုံးမှာဝေ့နေတဲ့မျက်ရည်လေးတွေကိုကြည့်ရင်သိနိုင်တယ်။နောက်ဆုံးမှာ Rick ဟာ Victor နဲ့ Ilsa ကို Casablanca ကနေထွက်သွားနိုင်အောင်ကူညီခဲ့ပါတယ်။

အဲ့ကားလေးကိုကြည့်ချင်းအားဖြင့်ကိုယ်တိုင်Rick နေရာမှာဆိုလဲ ကိုယ့်ချစ်သူအခြားလူတစ်ယောက်လက်ထဲမှာဆိုပေမဲ့ချစ်ရင်တော့အရာအားလုံးပေးဆပ်ရမြဲပါ။ ကိုယ့်အတ္တထက် ကိုယ့်ချစ်သူစိတ်ချမ်းသာရရေးလုပ်ချင်တာထက်ဖြစ်သင့်တာကိုလုပ်သွားတဲ့သဘောပါ တကယ့်ကိုအပြင်မှာလည်းပဲ Rick လိုချစ်တတ်တဲ့လူတွေရှိပါတယ်။ဇာတ်ကားထဲက Dialog တွေက လုံးဝကိုကြွေစေမှာပါ။

ဒီကားလေးကိုရည်ညွန်းပြီး 1980 မှာ Bertie Higgins က Kiss is still a kiss ဆိုတဲ့သီချင်းလေးကိုဆိုခဲ့ပါသေးတယ် အဲ့သီချင်းလေးကိုမြန်မာမှု့ပြုထားတဲ့သီချင်းနာမည်က အဓိပတိလမ်းကခြေရာများ ဆိုတဲ့အဆိုတော်ထူးအိမ်သင်ရဲ့သီချင်းလေးပါ။တကယ်နားထောင်လို့ကောင်းပါတယ်။
 

Bookmark