Health

ဓာတ်ခွဲအတည်ပြုလူနာ C-9 သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

Read 510 times

အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးတွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်၍ (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။

(၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းဝေဒနာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ရာ (၂၉-၃-၂၀၂၀) ရက် အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။

အဆိုပါလူနာသည် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး၊ မြဝတီသို့ ည (၇) နာရီခန့်တွင် ရောက်ရှိ၍ ရွှေနန်းထိုက် မြဝတီ-ရန်ကုန် Express ဖြင့် ရန်ကုန်သို့စီးနင်းလိုက်ပါခဲ့ပါသည်။

အဆိုပါ Express ယာဉ်ပေါ်တွင် ခရီးသည် (၅၇) ဦးလိုက်ပါစီးနင်းလိုက်ပါခဲ့သဖြင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ရန်ကုန်မြို့ ပုလဲလမ်းဆုံတွင် ဆင်း၍ ဆိုင်ကယ်ကယ်ရီဖြင့် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရှိရပါသည်။

(၂၆-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်လာသဖြင့် ပုလဲမြို့သစ်၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဆေးကုသမှုပေးခဲ့ပါသည်။

၎င်းနေထိုင်ရာ ပုလဲမြို့သစ်ရှိ နေအိမ်တွင် အိမ်ရှင် (၂) ဦးနှင့်အတူ နေထိုင်ခဲ့သဖြင့် ထိုသူများအား အသွားအလာကန့်သတ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

အဆိုပါလူနာတွင် COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုတွေ့ရှိချိန်မှစ၍ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်း၍ ကုသမှုခံယူစေခဲ့ပါသည်။

MOHS

Bookmark