ဓာတ်ခွဲအတည်ပြုလူနာ (Case–23) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာတွင် နေထိုင်သည့် အသက် (၅၈)နှစ်အရွယ် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case–01) ၏ မိခင်ဖြစ်သည်။
အဆိုပါ လူနာနှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀)ရက်နေ့မှစတင် ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတစ်ဆင့် (၁၅-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ထွက်ခွာရောက်ရှိခဲ့ပြီး (၁၇-၃-၂၀၂၀)ရက်နေ့တွင် ကလေးမြို့မှ တီးတိန်မြို့သို့ လည်းကောင်း၊ (၁၈-၃-၂၀၂၀)ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ လည်းကောင်း ရောက်ရှိခဲ့ပါသည်။
(Case-001)သည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် စတင်ဖျားနာခဲ့သဖြင့် အိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်စဉ် (Case-23)အားလည်း အလားတူအိမ်၌ပင် စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပါသည်။
(Case-01)အား ဓာတ်ခွဲအတည်ပြုပြီးချိန်တွင် အဆိုပါ အမျိုးသမီးအား ရွာအတွင်းရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုလျက် ထားရှိခဲ့ပါသည်။
စောင့်ကြပ်ကြည့်ရှုခြင်း ပြီးမြောက်ခါနီးဖြစ်၍ (၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲ နမူနာရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ ယနေ့အထိ အဆိုပါ အမျိုးသမီးတွင် သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိပါ။
အဆိုပါ လူနာအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။