အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ Case - 08 နှင့်အတူ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး၊ ပင်းတယသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ (၃၀-၃-၂၀၂၀) ရက်နေ့ တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ရန်ကုန်မြို့သို့ SQ-918 လေယာဉ်ဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့တွင်ရောက်ရှိလာခဲ့ပါသည်။
(၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီတွင် ရန်ကုန်မှ မန္တလေးသို့ Air-KBZ (K76221) လေယာဉ်ဖြင့်ထွက်ခွာခဲ့ပါသည်။
မန္တလေးမြို့တွင် (၁၄-၃-၂၀၂၀) ရက်နေ့မှ (၁၆-၃-၂၀၂၀)ရက်နေ့အထိ တည်းခို နေထိုင်ခဲ့ပြီး (၁၆-၃-၂၀၂၀)ရက်နေ့တွင် မုံရွာမြို့သို့ လည်းကောင်း၊ (၁၇-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပခုက္ကူမြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပုဂံသို့ လည်းကောင်း၊ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်းလေး၊ ပင်းတယသို့ ကားဖြင့်ထွက်ခွာခဲ့ပါသည်၊
(၂၂-၃-၂၀၂၀) ရက်နေ့တွင် ငပလီသို့ 7Y-161 လေကြောင်းဖြင့် သွားရောက်ခဲ့ပါသည်။
(၂၅-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်သို့ 7Y-161 လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာပြီး တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ကြောင်းသိရှိရပါသည်။
(၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာနများသို့ သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။
(၂၈-၃-၂၀၂၀) ရက်နေ့တွင် Case - 08 တွင် COVID-19 ရောဂါပိုးဓာတ်ခွဲ အတည်ပြု တွေ့ရှိသဖြင့် ၎င်းတို့တည်းခိုနေထိုင်သည့် ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၎င်းတို့တွင် သံသယရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူစေ၍ သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
MOHS