ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိ သီတာ ဓါတ်အားခွဲရုံသို့ ဓါတ်အားပေးထားသော 66kV အလုံ-သီတာ ဓါတ်အားလိုင်းသည် ယနေ့ (၂၇.၈.၂၀၂၀) ရက် (၁၀:၀၅) တွင် ဓါတ်အား Breakdown ဖြစ်ပွားခဲ့ပါသည်။
ထို့ကြောင့် အဆိုပါ သီတာဓါတ်အားပေးရုံမှ ဓါတ်အားပေးထားသော ပုဇွန်တောင်၊ ဗိုလ်တစ်ထောင် ၊ မင်္ဂလာတောင်ညွန့် ၊ တာမွေ ၊ ဗဟန်း ၊ ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ အလုံ ၊ ကြည့်မြင်တိုင် မြို့နယ်များတွင် ဓါတ်အား ပြတ်တောက်မှုများ ယာယီဖြစ်ပွားခဲ့ရပါသည်။
ထိုပြဿနာဖြစ်ပွားသော Cable အားဖယ်ရှား၍ (၁၀:၄၀) နာရီတွင် သာကေတ-သီတာ (၁ ၊ ၂ ) ဓါတ်အားလိုင်းမှ ဓါတ်အားကို ပြန်လည်ရယူ၍ ပို့လွတ်နေပြီဖြစ်သဖြင့် မကြာမှီတွင် ဓါတ်အားပြန်လည်ရရှိမည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားပါသည်။