Business

ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand Top 100 တွင် Huawei က အဆင့် (၄၅) နေရာတွင် ရပ်တည်

Read 718 times

By - WMMH (Mizzy)

WPP နှင့် Kantar တို့မှ ထုတ်ပြန်သော BrandZ Top (100) Most Valuable Brands တွင်  Huawei သည် အဆင့် (၄၅) နေရာမှ ရပ်တည်နေပြီး ယခင်နှစ်ထက် အဆင့် (၂) နေရာ တိုးတက်လာသည်။

ယခုနှစ်တွင် Huawei သည် Most Valuable Brands Top (50) တွင် ပါဝင်ခဲ့သည်မှာ ငါးနှစ်မြောက်ရှိပြီ ဖြစ်ပြီး အမှတ်တံဆိပ်တန်ဖိုး USD 29.4 Billion တန်ကြေးရှိလာကာ ရာခိုင်နှုန်းအားဖြင့် ယခင်နှစ်ကထက် (၉) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ 

အစီရင်ခံစာများအရ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်များ၏ စုစုပေါင်းတန်ဖိုးသည် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ကြည့်ပါက စုစုပေါင်း ၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ 

Technological Field မှ Brand များသည် ကမ္ဘာ့ထိပ်တန်း Brand များ၏ စုစုပေါင်းတန်ဖိုးများအနက် ၁၅ နှစ်ဆက်တိုက် အများဆုံးပါဝင်လျက်ရှိပြီး ထိပ်တန်း Brand ၁၀၀ ၏ ၃၇ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါသည်။

ထို့အပြင် တရုတ်နိုင်ငံမှ Brand များသည် ထိပ်တန်း ၁၀၀ တွင် ၁၇ ခုအထိ ပါဝင်နေပြီး  ‘Top 20 Risers’ စာရင်းတွင်လည်း တရုတ်နိုင်ငံထုတ် Brand ၅ ခုသည် တန်ဖိုးအမြင့်ဆုံး Brand အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

Huawei သည် ၁၇.၈ ရာခိုင်နှုန်း ဈေးကွက်ရှယ်ယာဖြင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး Smart Phone ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့ Tablet ဈေးကွက်တွင်လည်း ဈေးကွက်ရှယ်ယာ ၁၂ ရာခိုင်နှုန်းဖြင့် တတိယအကြီးဆုံး Tablet ရောင်းချသူအဖြစ် ရပ်တည်လျက်ရှိသည်။ 

မြန်မာနိုင်ငံရှိ Huawei Head Office နှင့် ဆိုင်ခွဲများ၏ လိပ်စာ၊ ဖုန်းနံပါတ်များကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ 

>>> https://bit.ly/2CaVQ59 

 

Bookmark