Events

၂၀ဝ၂ ခုနှစ်ရဲ့ အရှေ့တောင်အာရှ အကောင်းဆုံးစာပေဆုရ အိုဘယ့်အစိမ်းတို့မြေ (Book Review)

Read 328 times

From the Land of Green Ghosts စာအုပ်ကို ဆရာသင့်လူက ဘာသာပြန်ဆိုထားပါသည်။မြန်မာနိုင်ငံဖွား ကယန်းတိုင်းရင်းသား ပါစကယ်ခူးသွယ် ရေးသားခဲ့တဲ့ From the Land of Green Ghosts စာအုပ်ဟာ ၂၀ဝ၂ ခုနှစ်ရဲ့ အရှေ့တောင်အာရှမှာ အကောင်းဆုံးစာပေဆုကို ရရှိခဲ့တဲ့ စာအုပ်ပါ။

ပါစကယ်ခူးသွယ် ရဲ့ငယ်ဘဝကိုမြင်တွေ့ရမည့်အပြင် ပဒေါင်လူမျိုးတို့ရဲ့ရိုးရာ ယဥ်ကျေးမှု၊ နတ်ကိုးကွယ်မှုတွေကိုပါတွေ့မြင်ရပါသည်။

*မြန်မာနိုင်ငံတစ်ဝက်လောက်ကို လျှပ်စစ်မီးပေးတဲ့ လောပိတ စက်ရုံ အနီး ဆုံးဖယ်ခုံဟာ ဘာလို့ လျှပ်စစ်မီး

မရတာလဲ...?

*ဇာတိမြေကို စွန့်ခွာပြီး မန္တလေးမှာကျောင်းတတ်ရာမှ ၁၉၈၈ အရေးအခင်းကြောင့် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ...?

*စစ်အာဏာရှင်တွေ ဖမ်းဆီးခြင်းကို ရှောင်ရှားရင်းနဲ့ နောက်ဆုံး လန်ဒန်မြို့ရောက်ပြီး ဘာတွေဆက်ဖြစ်မှာလဲ...?

*စာရေးဆရာရဲ့ ဘဝတစ်လျှောက်

တခြားဘယ်လို စိန်ခေါ်မှုတွေ ကြုံခဲ့ရသလဲ...?

အစရှိသော စာရေးဆရာရဲ့ ဘဝ အဖြစ်အပျက်ကို တွေ့မြင်ရမှာဖြစ်ပါသည်။ထို့ပြင် ကိုယ့်နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအကြောင်းတွေကို သိရလို့ အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ပါ။

 

Bookmark