By-Jae
လကုန်ခါနီးဆိုတော့ သွားဖို့ စားဖို့ Plan တွေလည်း စီစဉ်နေကြပြီပေါ့။ အစားအသောက်ဆိုရင် အလှမစားပဲ အ၀စားရတာတွေကိုမှ သဘောကျတဲ့သူတွေအတွက် Yangon မှာရှိတဲ့ Buffet ဆိုင် List လေးတွေကို တစ်စုတစ်စည်းထဲ ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) Scuba Seafood
Scuba Seafood မှာတော့ အချိန်အကန့်အသတ်မရှိ ပင်လယ်စာအကင်တွေကို စိတ်ကြိုက် အ၀စားလို့ရမှာဖြစ်ပါတယ်။ BBQ တွေကိုမှ တစ်၀စားချင်တဲ့သူတွေအတွက်ကတော့ လုံး၀ကို အကြိုက်တွေ့စေမှာပါနော်။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
(၂) Zone BBQ
ဘီယာနဲ့အကင် တွဲစားရတာကို မကြိုက်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဘီယာနဲ့ အကင်ကောင်းကောင်းလေးတွေကို တစ်နေရာထဲရမယ့် နေရာလေးဆိုရင်တော့ Zone BBQ က သင့်အကြိုက်ပဲပေါ့။။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
(၃) Mr.Jerry Thai BBQ & Hot Pot
ထိုင်းစတိုင် အကင်ဘူဖေးတွေကို အ၀စားလို့ရမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။ အသားကင်တွေကို Cheese တွေနဲ့ ထူးထူးခြားခြား စားလို့ရတဲ့ ဆိုင်လေးဖြစ်တဲ့အတွက် BBQ ကို Cheese နဲ့ ကြိုက်သူတွေအတွက်တော့ ပိုအဆင်ပြေတယ်လေ။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ လင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
(၄) Mandalay BBQ
အကင်အမျိုးအစားပေါင်း ၇၀ ကျော်ကို တစ်နေရာထဲမှာ တွေ့မြင်ရမယ့် အကင်ဆိုင်လေး ဖြစ်ပါတယ်။ ဒါ့အပြင် Happy Hour Promotion လေးတွေလည်း ရှိတာမို့ BBQ တွေကို အကြိုက်စားလို့ရမှာ ဖြစ်ပါတယ်။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
(၅) BKK Seafood and BBQ
BKK Seafood မှာ အဓိက နာမည်ကြီးတာကတော့ ဝက်နံရိုးမီးတောက် ဖြစ်ပါတယ်။ ယိုးဒယား အရသာစစ်စစ် ချဉ်ချဉ်စပ်စပ်တွေကို စားချင်ကြတဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာပါ။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
(၆) DIY Hot Pot and BBQ
Hot Pot နဲ့ BBQ တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် DIY မှာဆိုရင် Hot Pot နဲ့ BBQ အကြိုက်စားလို့ ရနေပါပြီနော်။ Happy Hour Promotion တွေလည်းရှိနေတော့ Happy Hour မှာ အ၀စားလို့ရနေပြီလေ။
(၇)Thai Pot
အသစ်ထပ်တိုးတဲ့ Menu တွေနဲ့အတူ ပင်လယ်စာနဲ့ အသားကင် အစုံတွေကို တစ်နေရာထဲ စုစည်းတွေ့ရှိရမယ့် နေရာလေး တစ်ခုဖြစ်ပါတယ်။ Hot Pot နဲ့ BBQ တို့ကို အ၀ကြိတ်လို့ရတော့ ပိုလို့ကို အဆင်ပြေနေရောလေ။
(၈) Mr. Sai BBQ
Mr. Sai မှာဆိုရင်တော့ အကင်၊ အထောင်းတွေအပြင် ဘီယာပါ ရရှိမှာ ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့အတူ Chilling လုပ်မယ်ဆိုရင်တော့ Mr. Sai ကို သွားလို့ ရနေပါပြီနော်။
ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ လင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။