Business Yangon Trend

ကန်ဒေါ်လာ (၁၁၀) သန်းတန် မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်းကို ဒီဇင်ဘာလတွင် စတင်မည်

Read 44317 times

နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေမည့် ကောင်းမွန်သည့် အခြေခံ အဆောက်အအုံများ ပါဝင်သည့်  Korea  Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး စီမံကိန်းအား ယခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း နို၀င်ဘာလ(၂၀)ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံမှ ပြောကြားခဲ့ခြင်း ဖြစ်သည်၊၊

အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ(၅၅၈) ဧက ပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၁၀)သန်း ကုန်ကျမည့်စီမံကိန်းတစ်ခုဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့ အစည်းဖြစ်သည့်  Land and Housing Corporation (LH) တို့မှ  အကျိုးတူ ပူးပေါင်း  ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ရှယ်ယာ(၄၀) ရာခိုင်နှုန်းနှင့် ကိုရီးယားမှ ရှယ်ယာ(၆၀)ရာခိုင်နှုန်းပါဝင်သည့် စီမံကိန်းဖြစ်သည်။

KMIC စက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများ ပြီးစီးသည်ဖြစ်၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို (၂၀၂၀) ပြည့်နှစ် ၊ ဒီဇင်ဘာလတွင် စတင်မည် ဖြစ်ပြီး ယင်းစီမံကိန်းအတွက်  လိုအပ်မည့်  လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကိုလည်း စီစဥ်ဆောင်ရွက်သွားမည်  ဖြစ်သည်၊၊

ထို့အပြင် အာဆီယံဒေသတွင်းရှိ  အခြားသော နိုင်ငံတကာ စက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်မည့် စက်မှုဇုန်တစ်ခု ဖြစ်လာစေရန်အတွက် အခြေခံအဆောက်အအုံ ပိုင်းသာမက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန်အတွက် ကော်မတီ တစ်ရပ်ကို ၀န်ကြီးဌာနမှ ဦးစီးကာ စီစဥ်ဆောင်ရွက်ခဲ့သည်။

ယင်းစီမံကိန်းပြီးစီးပါက ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည် ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင်  ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်မည် ဖြစ်သည်။ 

Ref; moi,statecounsellormyanmar,imyanmarhouse

Bookmark