Han Myanmar Construction Co., Ltd.
Han Myanmar Construction Co., Ltd.

advance

19/20, Myawady Min Gyi St., Corner of U Shwe Myue St., Industrial Zone (4),, Shwe Pyi Thar, Yangon , Myanmar
About Us
Created in August 2015ကျွန်တော်များ HAN MYANMARCONSTRUCTION CO., LTD. အား ၂၀၁၃~၂၀၁၄ ခုနှစ် ဘဏ္ဏာရေးနှစ်တွင် နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခဲ့ပြီး ရုံးတွင်းဌာန (၉)ဌာန၊ ဝန်ထမ်းအင်အား(၁၅၄)ဦးဖြင့် စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ပိုင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုင်ရိုက်ခြင်းလုပ်ငန်းနှင့်Static Pile Load Test လုပ်ငန်းတို့အတွက် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (CQHP)၏ စိစစ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန (အဆောက်အအုံ) နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တို့၏ ခွင့်ပြုမိန့် Licence No (PL-08) အား ရရှိခဲ့ပြီး ဖြစ်ပါသည်။ထို့အတူ ပိုင်ထုတ်လုပ်ခြင်းလုပ်ငန်းအားရွှေပြည်သာ စက်မှုဇုန်ရှိမြေကွက်ကျယ်ပေါ်တွင်လည်းကောင်း၊ ပိုင်ရိုက်/ပိုင်တူးခြင်းလုပ်ငန်းနှင့်Static Pile Load Test လုပ်ငန်းအား ခေတ်မှီ စက်သစ်ကြီးများဖြင့်လည်းကောင်း အတွေ့အကြုံရင့်ကျွမ်းကျင်ဝန်ထမ်းများမှ စနစ်တကျ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ကျွန်တော်များကုမ္ပဏီမှ ယခင်နှစ်များအတွင်း ပြည်တွင်းကုမ္ပဏီများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့်လက်တွဲဆောင်ရွက် ခဲ့ပြီး နာမည်ကောင်းများ ရရှိခဲ့ပါသည်။ယခု ၂၀၁၇~၂၀၁၈ ခုနှစ် ဘဏ္ဏာရေးနှစ်တွင်လည်းအဆင့်မြင့်ကွန်ဒို ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ ဟိုတယ်ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ဆီသိုလှောင်ကန်များ ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ စက်ရုံ အလုပ်ရုံနှင့် သိုလှောင်ရုံများဆောက်လုပ်ခြင်းတွင်လည်းကောင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ကျွန်တော်များကုမ္ပဏီမှ ယခင်နှစ်များအတွင်းPress Pile လုပ်ငန်းအား အဓိကထား ဆောင်ရွက်နေသော်လည်း ၂၀၁၇~၂၀၁၈ ခုနှစ်ဘဏ္ဏာရေးနှစ်တွင်Bore ပိုင်တူးခြင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအား ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လျာထားပါသည်။ကျွန်တော်များကုမ္ပဏီမှ ယခင်နှစ်များအတွင်း Press Pile လုပ်ငန်းအား အဓိကထားဆောင်ရွက်နေသော လုပ်ငန်းများမှPrecast R.C ပိုင်ချောင်း ထုတ်လုပ်ခြင်းလုပ်ငန်း(8" Pile မှ 16" Pile အထိ)(ခ) ပိုင်ရိုက်ခြင်းလုပ်ငန်း (Ton 20 မှ Ton 400 အထိ)

(ဂ)Bore ပိုင်တူးခြင်းလုပ်ငန်း (ဃ)Spun Pile(င)Static Pile Load Test လုပ်ငန်း (Ton 300 အထိ)(စ)Construction နှင့် ပတ်သက်သော Survey, Site Cleaning and Preparation, Foundation လုပ်ငန်းအမျိုးမျိုး(ဆ)လမ်းခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ဓါတ်တိုင်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။ကျွန်တော်များ ကုမ္ပဏီသည် " ဈေးနှုန်းမှန်ကန်ခြင်း၊ လူကြီးမင်းတို့၏ တန်ဖိုးရှိအချိန်အား လေးစားခြင်း၊ အရည်အသွေးကောင်းမွန်ကြောင်း အာမခံခြင်း"တို့ကြောင့် လူကြီးမင်းတို့၏ Residence, Condominium, Apartment, Hotel and OtherBuilding များ အနာဂတ်အုတ်မြစ် ခိုင်မာစေရန် ကျွန်တော်တို့ထံ ယုံကြည်စွာ အပ်နှံလက်တွဲဆောင်ရွက်နိုင်ပါကြောင်းနှင့် ကျွန်တော်များ ကုမ္ပဏီမှလည်း လူကြီးမင်းတို့၏ ယုံကြည်မှုကိုရရှိစေရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးခြင်းဖြင့် ကျေးဇူးတုံ့ပြန်လိုပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

Products and Services

  • Pile Production & Installation
  • Spun Pile
  • Static Pile Load Test
  • Sheet Pile
  • Ready Mixed Concrete
  • Concrete Products, Construction Services, Piling Services

Categories

  • Construction Services
  • Concrete Products