Friday, 23 September 2016 08:58

DSC05982

မီးရောင်ဖျော့ဖျော့လေး ဖြာကျနေတဲ့ ဆိုင်ထဲကို လှမ်းဝင် လိုက်တာနဲ့ မြူးကြွတဲ့ လက်တင်အမေရိက တေးသီချင်းတွေ က ဆီးကြိုနေပါတယ်။ အနောက်တိုင်း ဆန်ဆန် ပြင်ဆင်ထားတဲ့ အခင်းအကျင်း နဲ့ ဆွဲဆောင်မှုရှိလှတဲ့ဘား ကောင် တာ နောက်ထဲမှာ လက်ရွေးစင် မက္ကစီကန် တကီလာ အမျိုးအစား ပေါင်း ၁၅ မျိုးကျော် စုဆောင်း ထားရှိထားတယ်လို့ ဆိုင်ရှင် ဂျပန် အမျိုးသမီး မီယာကိုက ရှင်းပြပါ တယ်။ 

DSC05971

ရွှေဂုံတိုင်မီးပွိုင့်အကျော်လေး နားမှာ ဖွင့်ထားတဲ့ လက်တင်စား သောက်ဆိုင် Salud ဟာ မူလတည် ရှိရာ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်း ထဲက ပြောင်းရွှေ့လာခဲ့တာပါ။ ဂျပန် နိုင်ငံမှာ ရှေးအကျဆုံး ဆလာဆာ ကလပ် တစ်ခုလို့ ဆိုလို့ရတဲ့ စား သောက်ဆိုင်ကို တိုကျိုမြို့မှာစတင် မွေးဖွားမြစ်ဖျားခံခဲ့ပြီး ၁၄နှစ်အ ကြာမှာတော့ ရန်ကုန်မြို့မှာ ဆိုင်ခွဲ (၂) အနေနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါ တယ်။ တိုကျိုက Salud ဆိုင်ကတော့ လက်တင် အကတွေကို အခြေခံထား ပြီး ရန်ကုန် Salud ဆိုင်ကတော့ လက်တင် အစားအသောက်တွေ ပေါ်မှာ အခြေခံထားပါတယ်။ ဂျပန် တွေရဲ့ စံအရည်အသွေးအတိုင်း ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ သန့် ရှင်းသပ်ရပ်မှုကို ဆက်လက်ထိမ်း သိမ်းထားတဲ့ စားသောက်ဆိုင်တစ် ဆိုင်ဖြစ်ပါတယ်။ 

cold shrimp pasta 9

ဆိုင်ရဲ့ မီနူးထဲက အဓိက အစားအသောက်တွေကို မြန်မာ တွေနဲ့ အစပ်အဟပ်တည့်လှတဲ့ မက္ကစီကိုနဲ့ ပီရူးအစားအသောက် တွေနဲ့ တည်ခင်းထားပေမယ့် အ ပတ်စဉ် အထူးမီနူးအနေနဲ့ တောင် အမေရိက အစားအစာတွေဖြစ်တဲ့ ဘရာဇီး၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား အစားအသောက်တွေလည်း ရရှိ နိုင်ပါတယ်။

အဖျော်ယမကာအနေနဲ့ မက္ကစီကန် တကီလာ၊ ပူစီနံရွက် တွေနဲ့ ဖျော်စပ်ထားတဲ့ မိုဟီတို (Mojito) ကော့တေးရဲ့ အရသာကလည်း ထူးခြားလှပြီး ဈေးနှုန်းကတော့ ၄ ဒေါ်လာ ကျသင့်မှာပါ၊ အခြားသောထူးခြားတဲ့ ကော့တေးတွေကတော့Blue Coral Reef (၄ ဒေါ်လာ)၊ Caipirinha (၆ ဒေါ်လာ) စတာတွေ ကိုလည်း မှာယူရရှိနိုင်တဲ့ အပြင်အယ်လ်ကိုဟော မပါဝင်တဲ့ အဖျော်ယမကာတွေရဲ့ ဈေးနှုန်းက၂ ဒေါ်လာ က စတင်ပါတယ်။ အဖျော်ယမကာ တွေနဲ့ တွဲဖက်နိုင်တဲ့ Snack တွေ အဖြစ် Pickled Vegetables ၊ Pickled Quail Egg ၊ သံလွင်သီးနဲ့ အခြား သော စားဖွယ်တွေကို ဈေးနှုန်း ၁ ဒေါ်လာနဲ့ မှာယူနိုင်ပါတယ်။

saltena 4

အစားအစာတွေ အနေနဲ့က တော့ Homemade Chips အမျိုး အစားတွေထဲက Chili Con Carne ကတော့ အမဲသား၊ ပဲအချိုနဲ့ ခရမ်း ချဉ်သီးတွေ ရောနှောချက် ပြုတ်ထား တဲ့ မက္ကစီကန် အစားအစာတစ်မျိုး ဖြစ်ပြီး ဈေးနှုန်း  ၄ ဒေါ်လာ ကျသင့် ပါတယ်။ ဒိန်ခဲ၊ ဂျုံနဲ့ အသီးအရွက် တွေရောပြီး အိုဗင်ထဲမှာ ဖုတ်ထားတဲ့ Nachos လို့ခေါ်တဲ့ စားစရာတစ်မျိုးရဲ့ အရသာကလည်း ထူးခြားပါတယ်၊ ဈေးနှုန်းကတော့ ၃.၅ ဒေါ်လာပါ။ 

DSC05985

အသုတ်တွေအနေနဲ့ ကတော့ အသီးအရွက်အစုံရောနှောထားတဲ့ Garden Salad ၊ ပီရူးစတိုင် ကြက်သား၊ နံနံပင်၊ အားလူးနဲ့ ငရုတ်သီး အနည်း ငယ်ပါဝင်တဲ့ ၊ ချယ်ရီခရမ်း ချဉ်သီးလေးတွေနဲ့ ရုံးပတေသီးကို သုတ်ထားတဲ့ Cherry Tomato Salad စတာတွေကို ဈေးနှုန်း ၃ ဒေါ်လာခွဲ ကနေ ၄ ဒေါ်လာနှုန်းနဲ့ မှာယူ စားသုံးနိုင်ပါတယ်။ အဓိက ဟင်း လျာအနေနဲ့ကတော့ မြန်မာလူမျိုးတွေ အကြိုက်တွေနိုင်တဲ့ ဟင်းလျာတစ် မျိုးဖြစ်တဲ့ ပုစွန်နဲ့ ခရမ်းချဉ်သီး အနှစ်တွေ ရောနှောချက်ပြုတ်ထားတဲ့ Black Tiger Prawn က အရသာတမျိုး ထူးကဲပြီး ဈေးနှုန်းကတော့ ၄ ဒေါ်လာ ပါ။

blacktiger with chile tomato sauce 4

ဈေးနှုန်းတွေက ဒေါ်လာနဲ့ တွက်ချက်ထားတဲ့အတွက် ရုတ်တရက်ကြည့်ရင် ဈေးအနည်းငယ်များတယ်လို့ ထင်ရပေမယ့် ရှားရှားပါးပါး မက္ကစီကန် အစားအစာတွေနဲ့ လက် တင်အမေရိက အစားအစာတွေကို စမ်းသပ်မြည်းစမ်းနိုင်မယ့် အခွင့်အရေးတစ်ရပ်အနေနဲ့တွက်ကြည့်မယ်ဆိုရင်တော့ မဆိုးလှဘူးလို့ ဆို နိုင်ပါတယ်။
အမှတ် (၇၀ ၊ စီ) ရွှေဂုံတိုင်လမ်း၊ ဗဟန်း။
ဝ၉ ၄၅၀ဝ၆၁၇၄၈

Read More About Restaurants Here


Read 433 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.