Tuesday, 30 August 2016 10:34

Bah Kuh Teh

မလေးရှားနိုင်ငံက နာမည်ကြီးတဲ့ အ စားအသောက်တွေ ရရှိနိုင်မယ့် ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ဦးဆောင် စား ဖိုမှုးအဖြစ် မလေးရှားနိုင်ငံက ကြယ်ငါး ပွင့်အဆင့် စားဖိုမှုးကိုယ်တိုင် ချက် ပြုတ်ပြင်ဆင်ပေးပါတယ်။ ကွာလာ လမ်ပူက နာမည်ကျော် တရုတ်အစား အစာတမျိုးဖြစ်တဲ့ Bah Kuh The ရဲ့ အစစ်အမှန် အရသာကို မြည်းစမ်း ကြည့်နိုင်တော့မှာပါ။ Bah Kuh The ရဲ့ အဓိကဆွဲဆောင်ချက်ကတော့ ဟင်းခတ်အမွှေးအကြိုင် ၁၀ မျိုး လောက်နဲ့ ဝက်နံရိုးကို ၅ နာရီ လောက် ပြုတ်ထားရတဲ့အတွက် အနံ့အရသာ တော်တော်ကောင်း ပါတယ်။

မကြာသေးမီကမှ Soft Opening အဖြစ် ဖွင့်လှစ်ထားတဲ့ ဆိုင်တစ်ဆိုင် ပါပဲ။ Grand Opening အနေနဲ့ ဩဂုတ်လထဲမှာ ဖွင်လှစ်မယ်လို့ ဆို ပါတယ်။ ဆိုင်သေးတယ်လို့ ထင်ရ ပေမယ့် ဆိုင်မှာရှိတဲ့ မီနူးတွေကတော့ အပျံစားတွေပါပဲ။

BBQ Chicken Wanton Noodles

Fork & Spoon ဆိုတဲ့ Asian Cuisine Restaurant & Bar  ရဲ့ မီနူးမှာ ထမင်းနဲ့ တွဲဖက်သုံးဆောင်ရတဲ့ အစား အသောက်မျိုးတွေနဲ့ Bah Kuh The ၊ အီကြာကွေး၊ Pork Rib Herbal Soup မီနူး၊ နော်ဝေဆယ်လ်မွန်ငါး မီနူးတွေက စွဲဆောင်နိုင်ပါတယ်။ Nasi Lemak Beef ကတော့ မလေး ရှားစတိုင် အမဲသားဟင်းလျာကို အုန်းထမင်း၊ ဘဲဥပြုတ်၊ Ikin Bilis လို့ခေါ်တဲ့ ငါးခြောက်သေးသေးလေး တွေ၊ အသီးအရွက်တွေနဲ့ အထူးပြု လုပ်ထားတဲ့ ဆော့စ်တမျိုးနဲ့ တွဲဖက် စားသုံးရတာက အရသာထူးကဲပါတယ်။

ဆိုင်အပြင်အဆင် သပ်ရပ်ပြီး ကျပ် ၅,ဝ၀ဝ ဝန်းကျင်ကနေ ၈,ဝ၀ဝ အတွင်း ရှိတဲ့ အစားအသောက်တွေထဲမှာ Starter ၊ Saute ၊ Noodles ၊ Clay-poy ၊ Fish ၊ Nasi Lemak မီနူးတွေ အောက်က အစားအသောက်တွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။ Hot Drinks၊ Cold Drinks တွေရနိုင်ပြီး Carlsberg ၊ Tuborg နဲ့ Yoma ဘီယာတွေလည်း ရရှိနိုင်ပါတယ်။

Bar နဲ့ တွဲရက်ဖွင့်ထားတာဖြစ်လို့ အထူးသတိပြုရမှာကတော့ ဆိုင်ဖွင့် ချိန်ပါပဲ။ လက်ရှိမှာတော့ မနက် ၁၁ နာရီမှာ ညနေ ၃နာရီအထိ ၊ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ  ဖွင့် လှစ်တာ ဖြစ်ပါတယ်။

Read More Articles Here


Read times Last modified on Tuesday, 30 August 2016 11:12
Rate :
(0 votes)

2 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.