Wednesday, 27 July 2016 03:36

L1020854

ဖွင့်လှစ်ခဲ့တာ သိပ်မကြာသေးတဲ့ The West Steakhouse ရဲ့ Grand Opening အခမ်းအနားကို ပြီးခဲ့တဲ့ စနေနေ့၊ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ထဲ ဝင်လိုက်တာနဲ့ အနောက်တိုင်းဆန်ဆန် ကောင်းဘွိုင် ရုပ်ရှင်ကားတွေထဲကလို ပြင်ဆင်ဖွဲ့စည်းထားတဲ့ ဆိုင်အပြင်အဆင်က ဆွဲဆောင်မှုရှိနေပါတယ်။

မြေညီထပ် အဝင်ပေါက်ထောင့်ချိုးလေးမှာ နေရာချထားတဲ့ Live Music Ban က တေးသွားတွေက လွင့်ပျံဆီးကြိုနေပါတယ်။ သီချင်းတွေ နားဆင်ရင်း အဖျော်ယမကာ မြည်းစမ်းကြည့်လိုသူတွေအတွက်တော့ မြေညီထပ်က ဘားကောင်တာနဲ့ စားပွဲဝိုင်းလေးတွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ့် ရဲ့ ပါတနာ ဒါမှမဟုတ် ဘော်ဒါတွေ မိတ်ဆွေတွေနဲ့ နွေးနွေးထွေးထွေး ဝိုင်းဖွဲ့ချင်ရင်တော့ အပေါ်ထပ် ထပ်ခိုးမှာ ခင်းကျင်းထားတဲ့ စားပွဲတွေက ပိုသင့်တော်မှာပါ။

ဖွင့်ပွဲ အခမ်းအနားညမို့ ဖိတ်ကြားထားသူတွေ၊ အနုပညာရှင်တွေ၊ မီဒီယာတွေ၊ The West ရဲ့ Facebook ပရိတ်သတ်ထဲက ကံထူးသူ Lucky Winner တွေနဲ့ စည်ကား သက်ဝင်လှုပ်ရှားနေပါတယ်။ ယမကာမျိုးစုံ၊ အမျိုးအစားစုံလင်တဲ့ ဝိုင်မျိုးစုံ ရရှိနိုင်ပြီးတော့ ဘီယာအနေနဲ့ Myanmar ဘီယာနဲ့ Carlsberg ဘီယာ ရရှိပါတယ်။

အထူးဖွင့်ပွဲညမို့ စပါယ်ရှယ်မီနူး အနေနဲ့ အသားကြိုက်နှစ်သက်သူတွေ အတွက် Meat Lovers’ Choice နဲ့ Seafood Lovers’ Choice ဆိုပြီး အထူးဟင်းလျာ ၂ မျိုး စီစဉ်ပေးထားပါတယ်။ ဈေးနှုန်းကတော့ Regular – 35000 ကျပ်နဲ့ Large – 60000 ပါ။ ဈေးအနည်းငယ်များတယ်လို့ ဆိုရပေမယ့် ဩစတေးလျ က တင်သွင်းတဲ့ နူးညံ့တဲ့ အမဲသား၊ သိုးသား နဲ့ ဝက်သား စတာတွေကို ရွေးချယ်ယူနိုင်ပြီး ပင်လယ်စာအနေနဲ့လည်း Sea Tigher ပုစွန်ထုပ်တွေ၊ ဆယ်လ်မွန်ငါး စတာတွေကို ရွေးချယ်နိုင်တာမို့ မဆိုးဘူးလို့ ပြောရမှာပါ။

အပတ်စဉ်ညတိုင်း အထူးအစီအစဉ်တွေနဲ့ ရာခိုင်းနှုန်းအလိုက် ဈေးလျှော့ပေးတဲ့ အစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ သိရပြီး ဖျော်ဖြေရေးအနေနဲ့ကတော့ သီချင်းကောင်းလေးတွေ Live သီဆိုတီးခတ်ပေးမယ့် Music Band ရှိတယ်လို့ သိရပါတယ်။

အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက် ကျင်းပပြီးနောက်မှာတော့ Grand Opening Toast နဲ့ ကောင်းချီးပေးဆုတောင်းခဲ့ကြပါတယ်။ သွားရောက်မြည်းစမ်းကြည့်လိုသူတွေအတွက် လိပ်စာကတော့

Building (D), G – 12, Pearl Condo, Kabaraye Pagoda Road ပါ။

L1020863 2

 

Read More New Openings Here


Read 445 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.