ďťż
Tuesday, 26 April 2016 11:22

Pan2

သင်္ကြန်မတိုင်ခင်တစ်ပတ်အလိုက ပန်သူရိယ (Pansuriya) ကို ဖွင့်လှစ်ခဲ့ပြီး ပန်းချီကားတွေ ၊ ရှေးဟောင်း ကြော်ငြာပိုစတာတွေ၊ အဖြူအမည်းရုပ်ရှင်ပိုစတာတွေ၊ ရှေးဟောင်းပရိဘောဂတွေနဲ့ စိတ်ဝင်စား စရာ အပြင်အဆင်တွေ ရှိနေပါတယ်။
ပန်သူရိယကို အရင်ကတည်းက ဖွင့်လှစ်ထားပြီး ပန်းချီကားတွေ၊ ရှေးဟောင်းဓာတ်ပုံတွေ ပြသရာကနေ အခု မြန်မာအစားအစာတွေ ရရှိနီုင်တဲ့ဆိုင်အဖြစ်ပါ တွဲရက်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
ဆိုင်ရဲ့ အားသာချက်ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ထိုင်ရတာ သက်တောင့်သက်သာရှိပါတယ်။ ပန်းချီကားတွေ၊ ဓာတ်ပုံတွေနဲ့ တခြားဆိုင်တွေနဲ့ မတူတဲ့ Taste ကို ရမှာကတော့ သေချာပါတယ်။
Anyar Snacks & Salads တွေ ဖြစ်တဲ့ ကော်ပြန့်ကြော်၊ အကြော်စုံ( Burmese Delight) ၊ တို့ဖူးနှစ်ပြန်ကြော်၊ ငါးမုန့်ကြော်၊ တို့ဖူးသုပ်၊ ခရမ်းချဉ်သီးသုပ်၊ လက်ဖက်သုပ်၊ မြင်းခွာရွက်သုပ်၊ ငါးဖယ်သုပ်၊ ပြောင်းဖူးသုပ်၊ မုန်လာဥနီသုပ်၊ မန်ကျည်းရွက်သုပ်၊ ရွှေပဲရွက်သုပ်၊ ခရမ်းသီးသုပ်၊ ပြည်ကြီးငါးသုပ်တွေ ရရှိနိုင်သလို ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ ကျော်ခန့်အတွင်း ရှိပါတယ်။ ဒါ့အပြင် Traditional Noodle & Rice dishes တွေ ရနိုင်ပြီး မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်းသုပ်၊ ငါးထမင်းနယ်၊ ကြာဇံချက်၊ ကတ်ကြေးကိုက်၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်၊ ရွှေတောင်ခေါက်ဆွဲ၊ အာလူးထမင်းတွေပါရနိုင်ပါတယ်။ ထူးခြားတာက ရှမ်းခေါက်ဆွဲ ဆိုရင် တောင်ကြီး ဒေသထွက်အစားအစာအရသာမျိုး ရနိုင်တာပါလို့ ဆိုင်မန်နေဂျာ မအေးအေးက ပြောပါတယ်။
နေ့လည်စာအတွက်ဆိုရင်တော့ Rice Set Menu တွေရနိုင်ပြီး ထမင်းနဲ့ ဟင်းအပြင် ဟင်းရံလေးတွေပါ ရရှိ နိုင်ပြီး စုစုပေါင်း ၆မျိုးခန့်ပါဝင်ပြီး ကျပ် ၈၅၀၀ သတ်မှတ်ထားပါတယ်။ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ မြန်မာလက်ဖက်ရည်ကို ပေါ့ကျ၊ ကျဆိမ့်၊ ပေါ့ဆိမ့်၊ ပုံမှန်နဲ့ ရွေးချယ်သောက်သုံးနိုင်ပြီး ရွှေရင်အေး၊ သာကူချို၊ မုန့်လက်ဆောင်း၊ သစ်သီးဖျော်ရည်တွေ ရရှိနိုင်ပါတယ်။ သခွားသီး၊ ပူစီနံ၊ ဂျင်း ပါဝင်တဲ့ Detox Water ကိုလည်း သောက်သုံးနိုင်ပါတယ်။

 

Pan

ပြသထားတဲ့ ပန်းချီကားတွေကို ဝယ်ယူလို့ရပြီး ဒီဇိုင်းပိုစတာ၊ ရှေးဟောင်းလက်ရာတွေက အလှပြသထားတာ ဖြစ်ပါတယ်။ လက်ဝတ်ရတနာကျောက်စိမ်းလက်ရာတွေကိုလည်း ရောင်းချနေပြီး လက်ရှိမှာတော့ မနက် ၁ဝနာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်နေပါတယ်။ ဆိုင်ဖွင့်တာ သိပ်မကြာသေးလို့ မနက် ၁၀ နာရီမှာ ဖွင့်လှစ်ပေမယ့် နောက်ပိုင်း မနက် ၇ နာရီမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နိုင်ငံခြားသားတွေအလာများတယ်လို့ သိရပေမယ့် ပန်သူရိယက Local ကိုလည်း အဓိကထားတယ်လို့ ဆိုပါတယ်။

Pansuriya
Bogalay Zay Street, Botahtaung Township
Daily 10 am to 10 pm
09 778 949 170


Read More About New Openings Here

 


Read 674 times Last modified on Monday, 23 May 2016 06:26
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.