Monday, 10 February 2020 07:16

maccosmeticswholesale.jpg








Psyche (My Yangon)
==========================================================
(Unicode)

M.A.C Cosmetics ရဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံးတရားဝင်ဆိုင်ကို Junction City တွင် ဖွင့်လှစ်မည်

M.A.C Cosmetics ရဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံးတရားဝင်ဆိုင်ကို ဖေဖေါ်ဝါရီ (၁၅) ရက်နေ့မှာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်က Junction City (Level 1- Ground Floor) မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် "Grand Opening of the First Official M.A.C Cosmetics Store in Myanmar Event" ကိုတော့ ညနေ ၄ နာရီကနေ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

M.A.C Cosmetics ကို ချစ်မြတ်နိုးသူတွေအတွက်တော့ Showroom မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ရွေးချယ်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ဆရာတွေ၊ နိုင်ငံကျော်အနုပညာရှင်တွေ၊ နာမည်ကြီး Beauty Bloggers တွေ ရှိနေမှာ ဖြစ်ပါတယ်။

M.A.C Cosmetics Myanmar Junction City New Store Grand Opening Event မှာ ပါဝင်မယ့် အထူးဧည့်သည်တော် အနုပညာရှင်တွေကိုတော့ M.A.C Cosmetics ရဲ့ Facebook Page မှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

ဖွင့်ပွဲမှာ အထူးအစီအစဉ်အနေနဲ့ လာရောက်အားပေးတဲ့ Customer များကို M.A.C Cosmetics Myanmar ကနေ လက်ဆောင်များ ပြန်လည်ပေးအပ်ခြင်း၊ ပျော်စရာ ဂိမ်းအစီအစဉ်များနဲ့ တခြားအစီအစဉ်များကို ပြုလုပ်ပေးသွားဦးမှာ ဖြစ်ပါတယ်။

အသေးစိတ်ထပ်မံသိရှိလိုပါက - http://bit.ly/2UGtMhg မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.