Friday, 24 January 2020 06:37

foodpanda_1_1.jpg

ႏိုင္ငံတကာမွာ လူႀကိဳက္မ်ားထင္ရွားတဲ႔ အြန္လိုင္း အစားအေသာက္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းျဖစ္တဲ႔ foodpanda ကို ရန္ကုန္ျမိဳ႕မွာ စတင္မိတ္ဆက္ခဲ႔ပါတယ္။

ဖြင့္ပြဲအခမ္းအနားကိုေတာ႔ ဇန္နဝါရီလ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Times City outdoor area မွာ ဖိတ္ၾကားထားေသာ အႏုပညာရွင္မ်ား၊ ဧည္႔သည္ေတာ္မ်ားနဲ႔အတူ စည္ကားသိုက္ျမိဳက္စြာ က်င္းပခဲ႔ပါတယ္။

foodpanda_Mary.jpg

foodpanda ဟာ ကမာၻ႔ထိပ္တန္း အြန္လိုင္း အစားအေသာက္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းျဖစ္တဲ႔ Delivery Hero ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္ပါတယ္။

foodpanda မွာ ရန္ကုန္ျမိဳ႕အတြင္း လူၾကိဳက္မ်ားတဲ႔ စားေသာက္ဆိုင္မ်ားျဖစ္တဲ႔ KFC, Pizza Hut ၊ Marrybrown ၊ Gong Cha ၊ Pezzo Pizza ၊ Cafe Amazon ၊ The Manhattan Fish Market ၊ Pizza Maru ၊

Cheese O’Tea ၊ Tom & Toms coffee ၊ YKKO၊ တင့္တင့္ျမန္မာ၊ ရန္ကုန္တီးေဟာက္စ္၊ ရွမ္း႐ိုးရာ၊ The Pansodan၊ Mr.Chef အပါအဝင္ တျခား စားေသာက္ဆိုင္ေပါင္း ၁,၀၀၀ ေက်ာ္က အစားအေသာက္မ်ားကို အိမ္အေရာက္ ဝန္ေဆာင္မႈေပးသြားမွာ ျဖစ္ပါတယ္။

foodpanda က ရိုးရွင္းျပီး အသံုးျပဳရလြယ္ကူတဲ႔ ပလက္ေဖာင္းတစ္ခုျဖစ္ျပီး ဝယ္ယူအားေပးတဲ႔သူေတြအေနနဲ႔ ဘယ္အခ်ိန္ ဘယ္ေနရာကေနပဲျဖစ္ျဖစ္ သူတို႔ ၾကိဳက္ႏွစ္သက္တဲ့ အစားေသာက္ေတြကို မွာယူစားသံုးႏိုင္မွာ ျဖစ္ပါတယ္။

foodpanda_2_1.jpg

foodpanda ရဲ႕ ရည္ရြယ္ခ်က္ကေတာ႔ ျမန္မာႏိုင္ငံကို အဆင့္အျမင့္ဆုံးနည္းပညာေတြ၊ ဖန္တီးမႈေတြနဲ႔အတူ အေကာင္းဆုံအစားအေသာက္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈေတြ ေပးအပ္ႏိုင္ဖို႔ျဖစ္တယ္လို႔ သိရပါတယ္။

foodpanda မွာ အစားေသာက္ေတြ မွာယူခ်င္တယ္ဆိုရင္ ပမာဏမ်ားသည္ျဖစ္ေစ၊ နည္းသည္ျဖစ္ေစ ပို႔ေဆာင္ခ အခမဲ့ (free delivery) ဝန္ေဆာင္မႈ ေပးထားပါတယ္။

foodpanda ကေန အစားေသာက္မွာယူခ်င္တယ္ဆိုရင္ foodpanda ရဲ႕ ဝက္ဘ္ဆိုဒ္ (သို႔မဟုတ္) iOS ႏွင့္ Andriod အက္ပလီေကးရွင္းမ်ားကို Download လုပ္ျပီး မိမိရဲ႕ လက္ရွိတည္ေနရာကို ထည္႔သြင္းရပါမယ္။

ဝက္ဘ္ဆိုဒ္ (သို႔မဟုတ္) အက္ပလီေကးရွင္းမွာ စားေသာက္ဆိုင္စာရင္းမ်ားကို ေတြ႕ျမင္ႏိုင္ျပီး မိမိၾကိဳက္ႏွစ္သက္တဲ႔ အစားအေသာက္ကို ေရြးခ်ယ္လိုက္ရံုနဲ႔ ပို႔ေဆာင္ေစလိုေသာ႐ုံး (သို႔မဟုတ္) အိမ္လိပ္စာအတိုင္းကို အိမ္အေရာက္ေငြေခ်စနစ္နဲ႔ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။

အစားေသာက္မ်ားကို ေန႔စဥ္ မနက္ ၈ နာရီကေန ည ၁၀ နာရီအထိ မွာယူႏိုင္ျပီး အေသးစိတ္သိရွိလိုပါက www.foodpanda.com.mm ကို ဝင္ေရာက္ၾကည္႔ရႈႏိုင္ပါတယ္။

Psyche (My Yangon)

(Unicode)

နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ foodpanda(free delivery) အစားအသောက်ဝန်ဆောင်မှုစနစ်ကို ရန်ကုန်တွင် စတင်မိတ်ဆက်

နိုင်ငံတကာမှာ လူကြိုက်များထင်ရှားတဲ့ အွန်လိုင်း အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ foodpanda ကို ရန်ကုန်မြို့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ Times City outdoor area မှာ ဖိတ်ကြားထားသော အနုပညာရှင်များ၊ ဧည့်သည်တော်များနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

foodpanda ဟာ ကမ္ဘာ့ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Delivery Hero ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။

foodpanda မှာ ရန်ကုန်မြို့အတွင်း လူကြိုက်များတဲ့ စားသောက်ဆိုင်များဖြစ်တဲ့ KFC, Pizza Hut ၊ Marrybrown ၊ Gong Cha ၊ Pezzo Pizza ၊ Cafe Amazon ၊ The Manhattan Fish Market ၊ Pizza Maru ၊ Cheese O’Tea ၊ Tom & Toms coffee ၊ YKKO၊ တင့်တင့်မြန်မာ၊ ရန်ကုန်တီးဟောက်စ်၊ ရှမ်းရိုးရာ၊ The Pansodan၊ Mr.Chef အပါအဝင် တခြား စားသောက်ဆိုင်ပေါင်း ၁,၀၀၀ ကျော်က အစားအသောက်များကို အိမ်အရောက် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

foodpanda က ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပြီး ဝယ်ယူအားပေးတဲ့သူတွေအနေနဲ့ ဘယ်အချိန် ဘယ်နေရာကနေပဲဖြစ်ဖြစ် သူတို့ ကြိုက်နှစ်သက်တဲ့ အစားသောက်တွေကို မှာယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။

foodpanda ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို အဆင့်အမြင့်ဆုံးနည်းပညာတွေ၊ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

foodpanda မှာ အစားသောက်တွေ မှာယူချင်တယ်ဆိုရင် ပမာဏများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ပို့ဆောင်ခ အခမဲ့ (free delivery) ဝန်ဆောင်မှု ပေးထားပါတယ်။

foodpanda ကနေ အစားသောက်မှာယူချင်တယ်ဆိုရင် foodpanda ရဲ့ ဝက်ဘ်ဆိုဒ် (သို့မဟုတ်) iOS နှင့် Andriod အက်ပလီကေးရှင်းများကို Download လုပ်ပြီး မိမိရဲ့ လက်ရှိတည်နေရာကို ထည့်သွင်းရပါမယ်။

ဝက်ဘ်ဆိုဒ် (သို့မဟုတ်) အက်ပလီကေးရှင်းမှာ စားသောက်ဆိုင်စာရင်းများကို တွေ့မြင်နိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့ အစားအသောက်ကို ရွှေးချယ်လိုက်ရုံနဲ့ ပို့ဆောင်စေလိုသောရုံး (သို့မဟုတ်) အိမ်လိပ်စာအတိုင်းကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

အစားသောက်များကို နေ့စဉ် မနက် ၈ နာရီကနေ ည ၁၀ နာရီအထိ မှာယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက www.foodpanda.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.