Wednesday, 17 July 2019 08:38

 

1_copy.jpg

မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကို ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ရန်ကုန်မြို့၊ ကန်တော်ကြီးရှိ မြေငါးဧကပေါ်တွင် ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အကောင်ထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ငါးပြတိုက်တွင် မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသမှ ရေချိုငါး အမျိုးအစားများ၊ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစားများ၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ငါးများကို အများပြည်သူများ ကြည့်ရှု လေ့လာနိုင်ကြစေရန် ထည့်သွင်းပြသသွားမည် ဖြစ်သည်။

>>> အပန်းဖြေကစားကွင်းများ

ဖွင့်လှစ်ပါက လူတန်းစားမရွေး လက်ခံနိုင်သည့် ဝင်ကြေးဈေးနှုန်းများ သတ်မှတ်သွားမည် ဖြစ်ပြီး အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအား အထူးဈေးနှုန်းများဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးထားကြောင်းသိရသည်။

အဆိုပါ ငါးပြတိုက်တွင် ငါးပြကွက်ပေါင်း ၂ဝ ကျော်ကို ပါဝင်ပြသသွားမည် ဖြစ်ပြီး လာရောက်ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက်အဝင်ဝတွင် ငါးအမျိုးအစားများနှင့် ပြကွက်များအကြောင်းကို ရှင်းလင်းပြောကြားပေးမည် ဖြစ်သည်။

>>> ခရီးသွားတဲ့အခါ ခွေးလေးတွေ ခေါ်သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

ထို့အပြင် အချို့ငါးပြကွက်များရှိ ငါးများကိုလည်း ကလေးငယ်များအနေဖြင့် လက်ဖြင့်ကိုင်၍ ဆော့ကစားနိုင်ရန် စီစဉ်ထားခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Myanmar National Portal


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.