Mummy ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်တစ်ခုပါ။ ၁၉၃၂ ကတည်းကနေစပြီး အမျိုးမျိုးသော ဇာတ်လမ်းတွေနဲ့ Mummy ဇာတ်ကားတွေ ရိုက်ကူးလာခဲ့တာ ဒီနှစ်ဆိုရင် Mummy ဆိုတဲ့ Character ဟာ သက်တမ်း ၈၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ အခုလာမယ့် ဇွန် ၉ ရက် နေ့မှာ US နဲ့ ကနေဒါမှာ စတင်ရုံတင် ပြသတော့မယ့် The Mummy ရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ မေ၂၂ က Australia မှာ အထူးပွဲ ပြသခဲ့ပြီး ဖြစ်ပါတယ်။ လန်ဒန်မှာ မေလ ၂၂ ရက်နေ့က မန်ချက်စတာ ဗုံးပေါက်ကွဲမှုကြောင့် မူလပြသဖို့ စီစဉ်ထားတဲ့…

ကားမောင်းပြိုင်ဆိုင်မှုတွေ၊ ဒုစရိုက်လောကသားတွေနဲ့ တရားမျှတမှုဘက်တော်သားတွေ အသေအကြေတိုက်ခိုက်ကြတဲ့ အရမ်းလန်းတဲ့ ဇာတ်ဝင်အက်ရှင်ခန်းတွေနဲ့ Fast and Furious ဇာတ်လမ်းတွေရဲ့အဆက် ၈ ကားမြောက် ဇာတ်ကားလို့ဆိုရင် မမှားပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Fast and Furious 7 ကို ကြည့်ရှုလိုက်ရသူတွေအနေနဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေကို မျှော်လင့်နေကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ထူးခြားပြောင်မြောက်လှတဲ့ အက်ရှင်အကြမ်းအရမ်းတွေကို မင်းသားကြီး ဒွိုက်ဂျွန်ဆန်နဲ့ ဗန်ဒိုင်ဇယ် ၊ ဂျတ်ဆင် စတေတမ်တို့က ထပ်မံ လုပ်ပြသွားအုံးမှာပါ။ ပြီးခဲ့တဲ့ Fast and Furious 7 မှာ ထောင်နန်းစံခဲ့တဲ့ ဒုစရိုက်လက်မရွံ့လူသတ်သမား ဒရက်ရှော (ဂျတ်ဆင်စတေတမ်) က…

ဒီတစ်ပတ်ရုပ်ရှင်အညွှန်းကတော့ ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ ကျေးလက်မှာဖြစ်လေ့ရှိတဲ့သဘာဝကိုအခြေခံထားတဲ့ဇာတ်ကားဖြစ်ခါ လောဘအမှောင်ဖုံးနေသူတွေရဲ့စရိုက်ကိုဇာတ်လမ်းဖွဲ့ထားပြီး ဒါရိုက်တာသားကြီးက ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဗာရာဏသီအစချီတဲ့ ပါးစပ်ရာဇ၀င်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ရွာတစ်ရွာမှာဘသာ(ဗေလုဝ) ဆိုသူ ဘာ ကြောင့် မှန်းမသိသေဆုံး သွားပါတယ်။ မကျင်(ခိုင်နှင်းဝေ)က ဘသာရဲ့မိန်းမဖြစ်ပါတယ်။ရွာမှာအကြားအမြင် ယောင် ယောင်၊ နတ်ကတော်ယောင်ယောင်လုပ်စားနေတဲ့ဘွားတော်သုန်(ခိုင်သင်းကြည်)ဆိုတာလည်းရှိပါတယ်။ စပ်စပ်စုစုအရက်ပုန်းရောင်းတဲ့မိလုံး(တက္ကသိုလ်ဂွမ်းပုံ) ဥာဏ်ရည်အားနည်းသူ ၊ လေကမိုးပေါ်ကမဆင်းတဲ့ အောင် သော်(ဟန်ဇာမိုးဝင်း)တို့က ဝေဖန်လေကန်ကြကာ နာရေးကိုဝိုင်းကူကြပါတယ်။ တစ်ဖက်မှာ ဆိုရင်လည်းဘသာကို အကြွေးဆပ်စရာရှိသူ ရွာအုပ်ချုပ်ရေးမှူးပြုတ် ကိုမြသန်း(ဒိန်းဒေါင်)က သေသူကိုအကြွေးမဆပ်ဘဲ မနေရဲတာ နဲ့ နာရေးကူငွေအဖြစ်ငွေ ခုနှစ်သောင်းလှူလိုက်ပါတယ်။ ကိုမြသန်းသမီးပွားစိန်(စံရတီမိုးမြင့်) နဲ့ရွာအုပ်ချုပ် ရေး မှူး အုပ်ကြီး(ခင်လှိုင်)သမီးမခြူး(ထားထက်ထက်)တို့က မတည့်ကြပါဘူး။ နှစ်ဖက်သားအပြိုင်အဆိုင်နာရေး ကူရာက မကျင်တစ်ယောက်မကိုင်ဖူးတဲ့ငွေပမာဏကိုကိုင်ရပြီး စိတ်ကြီးဝင်ရာက ဗရမ်းဗတာ တွေဖြစ်ပါတော့ တယ်။မကျင်နာရေးကူငွေတွေနဲ့ကောင်းစားနေပြီဆိုတဲ့သတင်း…

DC Comic ပရိသတ်တွေ အရမ်း မျှော်လင့်နေတဲ့ Wonder Woman ကိုတော့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ စတင် ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒီ Wonder Woman ကို ရုပ်ရှင်ကား မထွက်ခင်ကတည်းက 2016 ထဲမှာ ထွက်ရှိခဲ့တဲ့ Batman VsှSuperman: Dawn of Justice မှာ စတင်ပါဝင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ်မှာထဲမှာတင် ဆက်လက်ထွက်ရှိလာမယ့် Justice  League အတွက် DC Comic ရဲ့ ကြိုတင် ပြင်ဆင်မှုတွေပါပဲ။ အခု ရုံတင်တော့မယ့် Wonder Woman ဟာ Batman,…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ လူငယ်ကြိုက် ကားကောင်းလေးတစ်ကားဖြစ်တဲ့ "ဝိညာဉ်ကကြိုး"အမည်ရှိ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဖြူစင်တဲ့ချစ်ခြင်းတရားကို အခြေခံထားပြီး ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ချစ်မေတ္တာသံဃောဇဉ်ဖွဲ့ အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းရွှေပျိုဖြူ (ရွှေမှုံရတီ)နဲ့ ခေတ်သမီး (သင်ဇာဝင့်ကျော်) တို့က တစ်ဦးနဲ့တစ်ဦး အလွန်သံဃောဇဉ်ကြီးတဲ့ သူငယ်ချင်းတွေပါ။  တစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘဝပေးအခြေအနေ ကွာခြားကြပါတယ်။ ရွှေပျိုဖြူရဲ့ဖခင်ကတော့ အဝေးကနေ ငွေကြေး ထောက်ပံ့ထားတာကလွဲလို့ မေတ္တာတရားကို မပေးနိုင်ပေမယ့်၊ ငွေကြေးမပြည့်စုံတဲ့ ခေတ်သမီးကတော့ မိဘမေတ္တာတရားကို ပြည့်ဝစွာရရှိထားသူပါ။ ခေတ်သမီးက စိတ်ထားနူးညံ့သလောက် ရွှေဖြူကတော့ စိတ်ခက်ထန်တယ်။ လိုချင်တာကိုလည်း ရအောင်ယူတတ်တယ်။ သူမစရိုက်ကို နားလည်ပေးနိုင်သူကလည်း ခေတ်သမီးတစ်ယောက်ပါပဲ။ ခေတ်သမီးဟာ ရွှေဖြူ့ရဲ့…

Animation ဇာတ်ကားကောင်းတွေ ထုတ်လုပ်နေကျဖြစ်တဲ့ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး ၂၀ဝ၆ ခုနှစ်မှာ Cars ဆိုတဲ့ ပြိုင်ကားလေး Lightning McQueen အကြောင်းကို ဇာတ်လမ်းလုပ် ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ မှာ ဒုတိယရုပ်ရှင် အခု ၂၀၁၇ မှာ တတိယမြောက်ရုပ်ရှင်ကို ဆက်လက်ထုတ်လုပ်တာ ဖြစ်ပါတယ်။ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး အခြားကမ္ဘာကျော် Animation ဇာတ်ကားကောင်းတွေလည်း များစွာထုတ်လုပ်ခဲ့တာကြောင့် လာမယ့် ဇွန် ၁၆ ရက်…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ပျော်စရာလေးတွေနဲ့ အနုပညာရသမြောက်အောင် ရိုက်ကူးထားတဲ့ သူငယ်ဇာတ်ကားပဲ ဖြစ်ပါတယ်။ လူငယ်လေးတစ်ဦးနဲ့ အပျိုကြီးသုံးယောက်ရဲ့ အကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ မြန်မာ Idol ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို မင်းသားသစ် အဖြစ်တင်ပြီး အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပါတယ်။ ချစ်သူရှိတဲ့ အပျိုကြီးသုံးယောက်က သူတို့တွေထက် အသက်ငယ်တဲ့ လူငယ်တစ်ဦးနဲ့ ပတ်သက်မိတဲ့အချိန်မှာ ကြုံရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။အပျိုကြီးမမ သုံးယောက်က အဒေါ်ဖြစ်သူရဲ့ နွေမိုးဆောင်းဂေဟာမှာ နေထိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ပထမဆုံးတစ်ယောက် နွေဦးမေ (ထွန်းအိန္ဒြာဗို)က ဗြူးတီးဆလွန်း ဖွင့်ထားတာဖြစ်ပြီး မိုးခင်ခင် (စိုး မြတ်သူဇာ)ကတော့ အဒေါ်ဖြစ်သူရဲ့ ယွန်းထည်ဆိုင်ကို…

လာမယ့် ဇွန်လ ၂၃ ရက်က စပြီး နိုင်ငံတစ်ကာမှာ ၅ ကားမြောက် Transformers ဇာတ်ကားဖြစ်တဲ့ Transformers: The Last Knight ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ် ။ ၂၀ဝ၇ ခုနှစ်ကစပြီး ရုပ်ရှင်အဖြစ် ကြည့်ခဲ့ရတဲ့ Transformers ဇာတ်ကားတွေဟာ အခုလက်ရှိအချိန်မှာဆိုရင် ၁၀ စုနှစ်တစ်ခုတောင် ကြာခဲ့ပါပြီ။ ဒီ ၁၀ နှစ်အတွင်းမှာ Transformers ရုပ်ရှင် စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး အခု နောက်ဆုံးဖြစ်တဲ့ Transformers: The Last Knight ဟာ ဘတ်ဂျက်အများဆုံးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်နေပါတယ်။ ထပ်ထူးခြားတာက နောက်ထပ် Transformers…

နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ Wonder Woman က အောင်ပွဲခံပြီး ဝင်ငွေ ထိပ်ဆုံးရောက်နေသလို သူ့နောက်မှာ ကပ်နေတာကတော့ The Mummy ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာ မင်းသားကြီးtom Cruise နဲ့အပြိုင် ဗီလိန်နေရာက သရုပ်ဆောင်ထားတဲ့ ဆံပင်အနက်ရောင်နဲ့ မင်းသမီး Sofia Boutella ကလည်း နာမည်ကြီးလို့ လာပါတယ်။ သူ့ကို ၁၉၈၂ ခုနှစ် ဧပြီ ၆ ရက်က အယ်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြင်သစ် အယ်ဂျီးရီးယား ကပြား ဖြစ်ပါတယ်။ ၁၀ နှစ်သမီးအရွယ်မှာ မိသားစုလိုက် ပြင်သစ်ကို ပြောင်းခဲ့ပြီး ၁၈ နှစ်သမီးအရွယ်မှာ စည်းချက်နဲ့ ကစားရတဲ့ ကျွမ်းဘားမယ်အဖြစ် ပြင်သစ်လက်ရွေးစင် ဖြစ်ခဲ့ပါပြီ။ …

ဆူဆူညံညံ ကွိစိကွစနဲ့ စကားပြောတတ်တဲ့ အဝါရောင်ဆေးတောင့်ပုံစံ အကောင်လေးတွေကို လူတိုင်း မှတ်မိနေပြီး သူတို့ကြောင့် အဓိက ကမ္ဘာကျော်ခဲ့တဲ့ Despicable Me ကာတွန်းကားဟာ တတိယမြောက် ရုပ်ရှင် ထွက်ရှိလာပါပြီ။  အခုလာမယ့် ဇွန်လ ၃၀ရက်မှာဆိုရင် နိုင်ငံတကာမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Gru ဟာ သူနဲ့ နှစ်ပေါင်းမျာစွာ ကွဲကွာနေတဲ့ အမြွှာညီအကိုဖြစ်တဲ့ Dru နဲ့ ပြန်လည်ဆုံတွေ့ပြီး အကြီးကျယ်ဆုံး ဒုစရိုက်မှုကြီး ကျူးလွန်ဖို့ လာရောက် စည်းရုံးတာ ဖြစ်ပါတယ်။ ဒီကားမှာ အရင် Despicable Me 1 နဲ့ 2 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေထဲက Chris Renaud…

DC ရဲ့ Wonder Woman က အောင်ပွဲခံနေချိန်မှာ ပြိုင်ဘက် Marvel ရဲ့ SpiderMan ကလည်း ဇူလိုင် ၇ ရက်မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ၁၉၆၉ နဲ့ ၁၉၇၇ ခုနှစ်တို့မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ခြေလှမ်းစတင်ခဲ့ပြီး ဒီနေ့ခေတ်ရဲ့ မော်ဒန် Spider Man ကိုတော့ ၂၀ဝ၂ ခုနှစ်မှာမှ Sony Picture Entertainment က စတင်ရိုက်ကူးခဲ့တာပါ။ အခု ၂၀၁၇ ခုနှစ်ဆိုရင်တော့ မော်ဒန် Spider Man ဟာ ၁၅ နှစ်အတွင်း သူချည်း သီးသန့် စုစုပေါင်း ၆ ကား ထွက်ရှိခဲ့ပြီး…

၁၉၆၈ ခုနှစ်ကတည်းက ရုပ်ရှင်အနေနဲ့ စတင်ရိုက်ကူးခဲ့ဖူးပြီး TV Series အနေနဲ့ ၁၉၇၄ ခုနှစ်မှာ ပြသခဲ့တဲ့ Planet of the Apes ဇာတ်လမ်းတွဲတွေကို ၂၀ဝ၁ တုန်းက Planet of the Apes နာမည်နဲ့ပဲ ရုပ်ရှင်ထွက်ခဲ့ပါသေးတယ်။ အဲဒီနောက် ၁၀ နှစ် ကြာပြီး ၂၀၁၁ မှာ မျောက်တွေ စတင် တိုးတက်ထွန်းကားလာတာကို ပြတဲ့ Rise of the Planet of the Apes ကို ရုံတင်ပြီး ၂၀၁၄ မှာတော့ လူသားတွေနဲ့ အပြိုင် မျောက်မျိုးနွယ်တွေ တိုက်ပွဲဝင်နေတာကို ပြတဲ့ Dawn…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားတဲ့  "ဘုန်းကညာနှစ်ပါး" ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ လပ်ကီးဆဲဗင်းက ထုတ်လုပ်ပြီး မအေးအေးဝင်းစီစဉ်တဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာက ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းပစ်တိုင်းထောင် (မြင့်မြတ်)ဟာ "သစ်ရွက်စိမ်းရွာ" က ရွာသား ဖြစ်ပြီး သူ့မိဘတွေက ဦးဟန်တင် (ကိုပေါက်)နဲ့ ဒေါ်ခင်မာ (တက္ကသိုလ်ဂွမ်းပုံ) တို့ပါ။ သူတို့မိသားစုက ရွာမှာဆို ရွာရဲ့မျက်နှာဖုံး၊ ပိုက်ဆံလေးကလည်း နည်းနည်းရှိတော့ တောသူဌေးမိသားစု ဆိုပါတော့။ ဒါပေမယ့် ပစ်တိုင်းထောင်က ရွာရဲ့ အော့ကြောလန် ပွဲတိုင်းကျော်ပါ။ ပစ်တိုင်းထောင် ကြိုက်နေတာက ရွာက ဥက္ကဋ္ဌရဲ့ သမီး၃ယောက်ကိုပါ။ ဒါပေမယ့် ပစ်တိုင်းထောင်က ရွာရဲ့အော့ကြောလန်မို့ ကောင်မလေးတွေကလည်း…

အခု လာမယ့် သြဂုတ် ၄ ရက်မှာ ရုံတင်မယ့် ရုပ်ရှင်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်တိုက်ပွဲကြီးကို အခြေခံ ရိုက်ကူးထားတဲ့ Dunkrik ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့သူကတော့ The Dark Knight (2008) ၊ Inception (2010)၊ The Dark Knight Rises (2012) အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော်ဒါရိုက်တာ Christopher Nolan ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင် မထွက်ခင်ကတည်းက Christopher Nolan ရဲ့လက်ရာဆိုတာနဲ့တင် ဒီကားကို စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ Nolan ရဲ့လက်ရာတွေအတိုင်းပဲ သရုပ်ဆောင်တွေကို စူပါစတားတွေ…

ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကို  လာမယ့် သြဂုတ်လ ၁၆ ရက်နေ့၊ ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံကနေ ဂျပန်ကို ရောက်သွားတဲ့ မိသားစုတစ်စုကို အခြေခံလို့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းကို  ဒါရိုက်တာကြည်ဖြူသျှင်က သရုပ်ဆောင် ရန်အောင်၊ အောင်ရဲလင်း၊ ဂျပန်နိုင်ငံက J-pop အဆိုတော် မိုရီဆာကီဝင်း၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးမှာပါ။“ ဒီဇာတ်လမ်းထဲမှာ ကစ်ကစ်က ဂျပန်မှာ မွေးပြီး ဂျပန်မှာ ကြီးတဲ့ မိန်းကလေးတစ်ဦးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ အခုလိုမျိုး ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းမှတ်ပြုလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးလည်း…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ဩရသ ရိုက်ကူးထားတဲ့ "ကြောက် ကြောက် ကြောက်" ဆိုတဲ့ ပညာပေး သရဲဟာသကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးကိုတော့ ဒါရိုက်တာက ရယ်စရာတွေနဲ့အတူ ကြောက်စရာတွေကိုပါ ဖန်တီးထားတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ရာဇဝင်ကိုက ရေးသားထားပြီး 7 Sense Film Production က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဖိုးသံလုံးနဲ့ သာယာဖိုးသံလုံး (နေတိုး)က ကြက်လျှာရွာသား၊ သူ ကြိုက်နေတဲ့ သာယာ (ခင့်ဝင့်ဝါ) ကလည်း ကြက်လျှာရွာသူပါပဲ။ ဖိုးသံလုံးရဲ့ အကျင့်က သရဲ အလွန်ကြောက်တတ်တာပါပဲ။ သာယာကလည်း ဖိုးသံလုံး အဲဒီလို သရဲကြောက်တတ်တာကို နည်းနည်းလေးမှ ကြည့်လို့ မရပါဘူး။…

နိုင်ငံတကာမှာလည်း အောင်အောင်မြင်မြင်နဲ့ ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေပြီဖြစ်တဲ့ Annabelle : Creation ဟာ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle (2014) ရဲ့ prequel ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားမှာဆိုရင် Annabelle အရုပ်လေး ဘယ်က ဘယ်လို စပြီးဖြစ်လာတယ်ဆိုတာကို ပြန်ပြသွားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အင်မတန် ကြောက်စရာကောင်းနေတဲ့ အဲဒီအရုပ်ဟာ အပြင်လောကမှာလည်း တကယ်ရှိနေတာဖြစ်ပြီး အမေရိကားမှာ 1970 ၀န်းကျင်လောက်က အတော်ကို ရေပန်းစားခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားစလုံးမှာ အရမ်းကြောက်ဖို့ ကောင်းနေတယ်လို့ ခံစားရရင် တကယ့် အဖြစ်အပျက်က ဒီထက်ပိုကြောက်ဖို့ ကောင်းတယ်လို့ သတင်းစာတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့…

Hollywood ရုပ်ရှင်ကားသစ်တွေကိုပဲ ညွှန်းနေရတာများပြီဆိုတော့ အခုတစ်ခါတော့ August လဆန်းက India နိုင်ငံမှာ ရုံတင်ခဲ့ပြီး အခုလာမယ့် ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မယ့် Bollywood ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကလည်း လှတယ်။ Europe ကို ခရီးထွက်ရင်း စေ့စပ်လက်စွပ်ပျောက်သွားတဲ့ ကောင်မလေးကို ပျော်ပျော်နေတတ်ပြီး ကူညီတတ်တဲ့ Guide အမျိုးသားက ကူညီပြီး ၀ိုင်းရှာပေးတာပါ။ ဒီလက်စွပ်က Europe မှာ သွားလာရင်း ပျောက်သွားတာဆိုတော့ ကောင်မလေးနဲ့ Guide က သွားခဲ့တဲ့ Europe က နေရာတွေမှာ လိုက်ရှာရမှာဆိုတော့ Europe ရဲ့ အလှအပတွေကို Bollywood ရုပ်ရှင်တွေမှာ တွေ့နေကျ ရှုခင်းအလှပြ…

Hitman ဆိုတာ ထူးချွန်တဲ့ ကြေးစားလူသတ်သမားကို ညွှန်းဆိုတာပါ။ အဲဒီ Hitman ကို Bodyguard လုပ်ရမယ်ဆိုတော့ The Hitman’s Bodyguard (2017) ဆိုတဲ့ သြဂုတ် ၁၈ ရက်မှာ ရုံတင်မယ့် ဒီကားက ဆွဲဆောင်မှုကောင်းနေပြီပေါ့။ ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းကလည်း ကမ္ဘာ့အတော်ဆုံး Bodyguard တစ်ယောက်က Hitman တစ်ယောက်ကို နိုင်ငံတကာတရားရုံးမှာ သက်သေခံ ကျမ်းကျိန်ဖို့အတွက် စောင့်ရှောက်ပေးရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခရီးမှာ အရှေ့ဥရောပက လူဆိုးဂိုဏ်းက ဘယ်လိုနှောင့်ယှက်မလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ၂၀၁၄ ခုနှစ်က ရုံတင်ခဲ့တဲ့ The Expendables ရဲ့ဒါရိုက်တာ Patrick Hughes…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ ‘ဖက်ရှင်’ ဆိုတဲ့ ဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဖက်ရှင်နဲ့ ပတ်သက်ပြီး ချစ်သူနှစ်ဦးကြားထဲမှာ ပဋိပက္ခတွေနဲ့ ပျော်ရွှင်ရယ်မောကြရမယ့် ရသမျိုးကို ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဦးသိန်းတန် (မြန်မာပြည်သိန်းတန်) နဲ့ ဒေါ်နန္ဒာသန်း (နုနန္ဒာသန်း) တို့မှာ မိဘစကားကို မြေ၀ယ်မကျ နားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ တစ်ဦးတည်းသော သား ဇေရတု (ဇေရဲထက်) ရှိပါတယ်။ ဖခင် ဦးသိန်းတန်က အနုပညာကို ၀ါသနာပါသူဖြစ်သလို ဇနီးဖြစ်သူ ဒေါ်နန္ဒာသန်းကလည်း အ၀တ်အစား ဖက်ရှင်တီထွင်ခြင်းကို အားစိုက်လုပ်ဆောင်သူ တစ်ယောက်ပါ။ သားဖြစ်သူ ဇေရတု…

လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ နိုင်ငံတကာမှာ စတင်ရုံတင်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း မကြာခင် ရုံတင်ပြသတော့မယ့် IT (2017) ဆိုတဲ့ Horror ရုပ်ရှင်ကားဟာလည်း စာရေးဆရာကြီး Stephen King ရဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ 2007 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ဖူးတဲ့ The Mist (2007) နဲ့ 1408 (2007) ရုပ်ရှင် နှစ်ကားကို ကြည့်မယ်ဆိုရင် Stephen King ရဲ့ Horror အရေးအသား လက်ရာတွေဟာ ဘယ်လောက် ကောင်းတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ အခု ရုပ်ရှင်အဖြစ် ထွက်ရှိတော့မယ့် IT (2017) မှာဆိုရင် Pennywise…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားတဲ့ "ထမီကျွတ်၍ လွှတ်လိုက်သည်" ဆိုတဲ့ အချစ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လောကမှာ ကိုယ်က ညံ့လို့ အရှုံးပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ မတတ်သာလို့ လက်လွှတ် အရှုံးပေးလိုက်ခြင်းမျိုးလည်း ရှိတတ်ကြောင်းကို  ပုံဖော်ထားပြီး အောင်သရဖူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်း မျိုးညွန့်(ဇေရဲထက်)ဟာ ပြင်ဦးလွင် ကွန်ပျူတာတက္ကသိုလ်မှာ အဆောင်နေ ကျောင်းသားအဖြစ် ကျောင်းတက်နေရင်း အမှတ်မထင် ဆုံခဲ့ဖူးတဲ့ အမည်မသိ မိန်းကလေးကို ကိုယ့်သဘောနဲ့ကိုယ် မသည်းအူလို့ ကင်ပွန်းတပ်င်္ပြီး နေ့စဉ်အချိန်မှန် ရင်ထဲက ခံစားချက်တွေကို ဒိုင်ယာရီ ရေးလေ့ရှိပါတယ်။ မျိုးညွန့်ရဲ့ သူငယ်ချင်းတွေက ဒိုင်ယာရီစာအုပ်ကို လုဖတ်ကြရာကနေ မသည်းအူ ဇာတ်လမ်းကို…

2015 ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Kingsman: The Secret Service ရုပ်ရှင်ကားရဲ့ sequel ဖြစ်တဲ့ Kingsman: The Golden Circle (2017) ကို အခုလာမည့် စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး နိုင်ငံတကာမှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူလက စက်တင်ဘာ ၁၂ ရက်နေ့မှာ နယူးယောက်မှာ အထူးပွဲပြသမယ်လို့ ပြင်ဆင်ထားပေမယ့် ဟာရီကိန်းမုန်တိုင်းကြီး Harvey တိုက်ခိုက်တာကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ အပြင်ကို ဒီကားက ရရှိတဲ့ အမြတ်ငွေအချို့ကိုလည်း မုန်တိုင်းဒဏ်ခံရသူတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင် Kingsman: The Secrect Service ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ…

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ဇွတ်ကျား’ ဆိုတဲ့ ဟာသကားလေးကို ဒီတစ်ပတ် ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကို ဒါရိုက်တာက ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကျော်ရဲအောင်မှာ တူ ၄ ယောက်ရှိပါတယ်။ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေးနဲ့ ထက်အောင်ရှိုင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ ညီအစ်ကို ၄ယောက်စလုံးက အခြောက်တွေဖြစ်ပြီး အရမ်းကို ဖြတ်ဖောက်ချုပ် လုပ်ချင်နေကြတာပါ။ ဖြတ်ဖောက်ချုပ်လုပ်ဖို့ ဦးလေးဖြစ်သူဆီက အမွေ တောင်းပေမယ့်လည်း ဦးလေးဖြစ်သူက မပေးတာကြောင့် အခက်တွေ့နေကြပါတယ်။ စိုးမြတ်သူဇာကတော့ ယောက်ျားလျာ တစ်ယောက်ပါ။ သူ့မှာလည်း တူမ ၄ယောက် ရှိပါတယ်။ ခိုင်သင်းကြည်၊ မေ၊ သန္တာဗိုလ်…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့ ‘အောင်စေ ပိုင်စေ’ ဆိုတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက အက်ရှင်ကို ဟာသလေးတွေနဲ့ ရယ်မောစရာဖြစ်အောင် ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအချိန်သည်ကား မြန်မာနိုင်ငံကို နယ်ချဲ့တွေ အုပ်စိုးစဉ် မြို့ရွာအသီးသီးမှာ တောင်ကြောင်တွေနဲ့ မသမာသူတွေ ကြီးစိုးချိန် ရွာလေးတစ်ရွာမှာ ကိုယ့်ရွာလုံခြုံရေးအတွက် ရွာသားတွေက သိုင်းဆရာဘငွေ (ညောင်ညောင်) ထံကနေ သိုင်းပညာရပ်တွေကို သင်ယူနေကြပါတယ်။ တစ်နေ့တော့ အဲ့ဒီရွာထဲကို လူစိမ်းတစ်ဦး ၀င်လာပါတယ်။ သူနာမည်ကတော့ အောင်စေ (လူမင်း) ပဲ ဖြစ်ပါတယ်။ အောင်စေက အဲ့ဒီရွာထဲမှာရှိတဲ့ သိုင်းဆရာဘငွေ အပါအ၀င်…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ ‘ရင်ဘတ်ထဲက ဓား’ ဆိုတဲ့ အိမ်ထောင်ရေး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကိုတော့ ဒါရိုက်တာက အိမ်ထောင်ရေး တစ်ခုမှာဖြစ်တတ်တဲ့ သဘောတရားတွေကို ပညာပေးအနေဲ့ ဖန်တီးထားပြီး ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလရိပ်ဝေး (အိန္ဒြာကျော်ဇင်) ဟာ ဆယ်နှစ်သမီး အရွယ်ကထဲက မိခင်ဖြစ်သူ ဒေါ်မြမြ (ထွန်းအိန္ဒြာဗိုလ်) က ဖခင်ဖြစ်သူကို ဓားနဲ့ခုတ်ပိုင်းပြီး သတ်ဖြတ်လိုက်တာကို မြင်ပြီး မိခင်ကို မုန်းတီး နာကျည်းနေသူ ဖြစ်ပါတယ်။ ဒေါ်မြမြထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာလည်း ဆွေမျိုးတွေအိမ်မှာ လှည့်ပတ်နေရင်း ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာမှာ စနစ်ကျပြီး…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ဇော်မျိုး ရိုက်ကူးထားတဲ့ ‘အမည်ပေါက်နှင့် ကျူး’ ဆိုတဲ့ ဒရမ်မာ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျူးကျော်တွေရဲ့ ဘ၀ကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပြီး နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကျူးကျော်ရပ်ကွက်တစ်ခု အဲ့ဒီရပ်ကွက်မှာ ချမ်းသာ (မြင့်မြတ်)၊ အာယု၊ ၀ဏ္ဏ၊ ဘောဂ၊ ချစ်တီးတို့ နေထိုင်ကြပါတယ်။ ပတ္တမြား (အိချောပို) နဲ့ အဒေါ်ဖြစ်သူ ဒေါ်ရင်ရွှေ (စိုးမိုးကြည်) တို့လည်း နေထိုင်ကြပါတယ်။ ရာအိမ်မှုးကတော့ ကိုဗလ (ဒိန်းဒေါင်) ပဲ ဖြစ်ပါတယ်။ အဲ့ဒီရပ်ကွက်မှာ အားလုံးက ဆိုက်ကားနင်း၊ ပန်းရောင်း၊…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ငါက ဗိုလ်အောင်ဒင်’ ဆိုတဲ့ ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဟာသအပြင် တန်ဆောင်တိုင်ကာလမှာ ဖြစ်ပျက်တတ်တဲ့ အခြေနေလေးတွေကိုပါ ပညာပေးအနေနဲ့  ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကထိန်အလှူခံမှာ ဗိုလ်အောင်ဒင်သီချင်းနဲ့ မူးရူးကခုန်နေတဲ့ သူဌေးသားဖေချစ် (မင်းမော်ကွန်း) တို့ အဖွဲ့နဲ့ ရွှေဂျိုးဖြူ (ပြေတီဦး) တို့ ပြသနာတက်ကြပါတယ်။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှုးရောက်လာပြီး အုပ်ချုပ်ရေးမှုးက ဖေချစ်ဘက်ကပါကာ ရွှေဂျိုးဖြူကို “မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား” ဘာညာပြောဆိုတာကြောင့် အဲ့ဒီစကားကို မှတ်ထားပြီး ရွှေဂျိုးဖြူတစ်ယောက် အိမ်ပြန်သွားခဲ့ပါတယ်။ ညဘက် အိပ်မောကျချိန်မှာတော့ ရွှေဂျိုးဖြူက ထော်လာဂျီပေါ်မှာ လော်စပီကာတင်ကာ ဗိုလ်အောင်ဒင်…

Page 1 of 3