Travel

china1.jpg

China, Zhangjiajie ရှိ တောင်အတတ်အဆင်းပြုလုပ်ရာ ဓာတ်လှေကားကြီး…

စားသောက်ဆိုင်တွေကို ရှမ်း၊ အနောက်တိုင်း၊ ကော်ဖီဆိုင် စသည်ဖြင့် category နဲ့ခွဲပေးထားပါတယ်။

29356982 615584148776165 7530306969528468910 n
အခုဆိုရင် ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေကို အမိုးဖွင့်ကား Mingalar Bus နဲ့ လျှောက်လည်လို့ ရနေပြီနော်။

အမိုးဖွင့် ဘတ်စ်ကားကို မနက် ၇ နာရီခွဲ တစ်ချိန်နဲ့ ညနေပိုင်း ငါးနာရီခွဲ တစ်ချိန်ကို ပြေးဆွဲပေးသွားမှာပါ။


မနက်ပိုင်း ခရီးစဉ်မှာတော့ မြို့တော်ခန်းမရှေ့ ဆူးလေဘုရားအနီးကနေ စတင်ထွက်ခွာပြီး ကိုလိုနီ အဆောက်အဦးတွေကို သွားရောက် ကြည့်ရှု့ရမှာပါ။ အဲ့ဒီကနေမှ တစ်ဆင့် ကမ်းနားလမ်း တစ်လျှောက် ဆက်လက် သွားရောက်မှာ ဖြစ်ပြီး ကြည့်မြင်တိုင် လမ်းတစ်လျှောက်မှာရှိတဲ့ ပန်းတဉ်းလုပ်ငန်းကို လေ့လာခွင့် ရမှာပါ။

အဲ့ဒီနောက်မှာတော့ စမ်းချောင်းဘက်ကို ဆက်လက် သွားရောက်မှာဖြစ်ပြီး စမ်းချောင်း စစ်သချိုင်း၊ ဘာဝနာတရားစခန်းနဲ့ ဒေါ်ညာဏစာရီ မယ်သီလရှင် ကျောင်းကို ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ကြရမှာ ဖြစ်ပါတယ်။

29388446 858462764353997 3054651753904472064 n
ညနေ ငါးနာရီခွဲ ခရီးစဉ်မှာတော့ မြို့တော်ခန်းမအရှေ့ ဆူးလေဘုရားအနီးကနေ စတင်ထွက်ခွာပြီး ဆူးလေဘုရားအနီးက ပထမဦးစွာ ဗိုလ်တထောင်ဘုရားကို သွားရောက် ဖူးမြော်မှာ ဖြစ်ပါတယ်။

အဲ့ဒီကနေမှတစ်ဆင့် ကန်တော်ကြီးကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ကမ်းနားလမ်း ညဈေးတန်းမှာ ခရီးစဉ် ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။
အမိုးဖွင့် ဘတ်စ်ကားကို မတ်လ၁၉ရက်နေ့က စတင်ပြီး စီးနင်းလို့ ရနေပါပြီ။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် ကားစီးလုံး ငှားစီးလို့လည်း ရပါတယ်နော်။

29425071 615742945426952 6004447082256546342 n

 

အမိုးဖွင့် ဘတ်စ်ကားကို လူဦးရေ ၂၅ ယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ပြည်တွင်းခရီးသွား လူကြီးတစ်ဦးကို မြန်မာငွေကျပ် တစ်သောင်းဖြစ်ပြီး ကလေးတစ်ဦးကို ရှစ်ထောင်ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

နိုင်ငံခြား ခရီးသွားဧည့်သည်တွေ အနေနဲ့ကတော့ မနက်ပိုင်းခရီးစဉ်ကို လူကြီး ၁၅ ဒေါ်လာနဲ့ ကလေး ၁၀ ဒေါ်လာ ဖြစ်ပြီး ညနေပိုင်းခရီးစဉ်မှာ လူကြီး ၂၃ ဒေါ်လာနဲ့ ကလေး ၁၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

ကဲ My Yangon ပရိသတ်ကြီးရေ ရန်ကုန်မြို့ရဲ့ ပထမဆုံး အမိုးဖွင့်ကားကို စီးဖူးတယ်ရှိအောင် လမ်းညွှန် ပေးလိုက်တယ်နော်။

Read more about Article Here

 

 

 

27459347 738292636356804 962736166509328554 n

Temasek International College က Industrial Seminar on Travel & Tour Operation in Myanmar ခေါင်းစဉ်နဲ့ ဟောပြောပွဲကို မတ်လ၂၈ ရက်နေ့ နေ့လည်နှစ်နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီ ဟောပြောပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး နယ်ပယ်ကို တိုးတက်ဖွံဖြိုးစေဖို့အတွက် အတွေ့အကြုံ ဗဟုသုတ များတဲ့ အတတ်ပညာရှင်များက ဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသော တတ်သစ်စလူငယ်များ Travel & Tour Operations တွင်လက်ရှိလုပ်ကိုင်နေသော ပညာရှင်များ တက်ရောက်နိုင်ပါတယ်။
Mr.Amos Rao (SVP of Shenton Education Group & GM of Temasek International College)က နှုတ်ခွန်းဆက် စကားကို ပြောကြားသွားမှာ 

ဖြစ်ပါတယ်။ 
ဟောပြောမယ့် လူတွေကတော့ ဦးနိုင်ဝင်း ( ညွှန်ကြားရေးမှူး - ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးငှာန) ဟောပြောမယ့် ခေါင်းစဉ် - Myanmar Travel & Tour Operations: Key Challenges & Opportunities
Mr.William Lau (General Manager of Pan Pacific Yangon) ၊ ဟောပြောမယ့်ခေါင်းစဉ် - The Impact of 5-Star Hotels towards local Tourism: The Pan Pacific Experience Worldwide ၊ Ms. Khressa Bentic (Academic Manager of Temasek International College) ၊ ဟောပြောမယ့် ခေါင်းစဉ်- Higher Education For a More Competitive & Sustainable Hospitality & Tourism Landscape in Myanmar ၊ Mr. Pyi Soe Maw (CEO of Ace Inspiration Ltd, Subsidary of Ace Data Systems Ltd) ၊ ဟောပြောမယ့် ခေါင်းစဉ် - Technologies Possibilities in Myanmar’s Travel & Tour Operations ၊ စတဲ့ ခေါင်းစဉ်ကို ဟောပြောသွားမှာ ဖြစ်ပါတယ်။

Read more about article Here

 

 

YYIM 2017 Full Marathon Flag Off Image Credit to Yoma Strategic Holdings Ltd


Yoma Strategic Holdings, First Myanmar Investment (FMI) နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့က ပြိုင်ပွဲကျင်းပမယ့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်မြို့အတွင်းက လမ်းမကြီးနဲ့ လမ်းသွယ်အချို့ကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မယ်လို့ သိရပါတယ်။
 áżá€•á€­á€łá€„ယပဟဲကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကျင်းပနိုင်ရေးအတွက် လမ်းအချို့ကို လမ်းအပြည့် ဒါမှမဟုတ် လမ်းတစ်ဝက်ပိတ်ထားမှာ ဖြစ်တယ်လို့  သိရပါတယ်။ 

ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန် လမ်းဆုံကနေ သံသုမာလမ်းဆုံ အထိကို (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲ အထိ)၊ ရာဇဓိရာဇ်လမ်းကနေ  ကမ်းနားလမ်းဟောင်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ ကမ်းနားလမ်းဟောင်းကနေ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ ရွှေတိဂုံဘုရားလမ်းကနေ ဦးထောင်ဘိုလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ ဗညားဒလလမ်းကနေ ကျိုက္ကဆံလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)၊ စက်ရုံလမ်းကနေ ဗညားဒလလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)၊ ဗဟိုလမ်းကနေ ဆေးဝါးလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)၊ အောင်သိဒ္ဓိလမ်းကနေ မင်းဓမ္မလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)၊ သစ္စာလမ်း (ကန်ဘဲ့) ကနေ မိုးကောင်းလမ်း အထိကို (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ) ကားလမ်းမတွေ ပေါ်မှာ ဘလောက်တုံးတွေ ချထားကာ လမ်းပိတ်သွားမှာဖြစ်ပြီး  ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်တွေကလည်း ယာဉ်လမ်းကြောင်းတွေကို စနစ်တကျ စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။
လမ်းပိတ်ထားမယ့် အခြေအနေတွေကို အသေးစိတ်သိရှိလိုပါက နောက်ဆက်တွဲ စာရင်းမှာ ကြည့်ရှု့နိုင်ပြီး ပြိုင်ပွဲ website ဖြစ်တဲ့ (http://yomayangonmarathon.com/race-details/) မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ပြိုင်ပွဲ အမျိုးအစားတွေအားလုံး တာထွက်၍ ပြန်လည် ပန်းဝင်ရမှာဖြစ်ပြီး ပြေးလမ်းကြောင်းမှာ အထင်ကရ နေရာတွေ ဖြစ်ကြတဲ့ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနဲ့ အင်းလျားကန်တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Read more about travel aricle Here