Thursday, 13 February 2020 05:14

1581508726n7bn7x.jpg

ပညာေရး တကၠသိုလ္ဘက္ျခမ္းမွ ျပည္လမ္းမႀကီးအား ေျမေအာက္မွတူးေဖာ္ကာ ျဖတ္သန္းေဖာက္လုပ္သြားမည့္ ရန္ကုန္ၿမိဳ႕၏ ေျမေအာက္ေလၽွာက္လမ္း စီမံကိန္းကို စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာနမွ သိရသည္။

ေျမေအာက္ေလၽွာက္လမ္း ေဆာက္လုပ္ရန္အတြက္ ယခုအခါတြင္ လမ္းလႊဲလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္းလည္း အဆိုပါစီမံကိန္းကို တာဝန္ယူေဆာင္ရြက္ေနေသာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ကမာရြတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးမွတ္တိုင္အနီးရွိ ပညာေရး တကၠသိုလ္ဘက္ျခမ္းမွ ျပည္လမ္းမႀကီးအား ေျမေအာက္မွတူးေဖာ္ကာ လမ္းျဖတ္ကူးေျမေအာက္ေလၽွာက္လမ္း (Underpass) ကို တည္ေဆာက္သြားမွာ ျဖစ္သည္။

ႏိုင္ငံတကာအဆင့္မီ သန္လ်င္ - သီလဝါ အထူးစီးပြားေရးဇုန္လမ္းပိုင္းကို လာမည့္မတ္လတြင္ ဖြင့္လွစ္မည္

"လက္ရွိကေတာ့ ကၽြန္ေတာ္တို႔ရန္ကုန္မွာ မိုးပ်ံတံတားေတြ၊ လမ္းေတြ ေဆာက္လုပ္ဖို႔ရွိတယ္။ ဒီစီမံကိန္းႀကီးေတြနဲ႔ခ်ိန္ဆၿပီး အစဥ္ေျပေအာင္ ေဆာင္ရြက္ေနပါတယ္။ အခုကေတာ့ ကၽြန္ေတာ္တို႔ ပညာေရးတကၠသိုလ္ေရွ႕ ရန္ကုန္ျပည္လမ္းမွာ လမ္းေအာက္ကေန လိုဏ္ေခါင္းတူးၿပီး တည္ေဆာက္သြားမယ့္ လမ္းျဖတ္ကူးေျမေအာက္ ေလၽွာက္လမ္းေဆာက္လုပ္ဖို႔ စီမံကိန္းကေတာ့စေနၿပီ။ အခုကေတာ့ လမ္းလႊဲလုပ္ငန္းေတြ စတင္ေနပါၿပီ။ ျပည္လမ္းေအာက္ကိုတည္ေဆာက္မယ့္ေနရာမွာ လက္ရွိသြားလာေနတဲ့ ကားေတြ ပုံမွန္သြားလာနိုင္ေအာင္ လမ္းလႊဲအသုံးျပဳ မႈေတြ ေဆာင္ရြက္ေပးရမွာပါ။ ၿပီးမွ ျပည္လမ္းမႀကီးကိုတူးၿပီး ေျမေအာက္ေလၽွာက္လမ္းကို တည္ေဆာက္ရမွာပါ"ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန(လမ္း/တံတား)မွ အင္ဂ်င္နီယာ ဦးၾကည္စန္းက ေျပာသည္။

အဆိုပါ ေျမေအာက္ေလၽွာက္လမ္းသည္ အရွည္ မီတာ ၃၀၊ အက်ယ္ သုံးမီတာႏွင့္ အျမင့္ သုံးမီတာ ရွိမည္ျဖစ္ေၾကာင္း သိရသည္။

လမ္းျဖတ္ကူး ေျမေအာက္ေလၽွာက္လမ္းစီမံကိန္းသည္ လက္ရွိတြင္ ေျမတူးေဖာ္ေရးလုပ္ငန္းမ်ား စတင္ေနၿပီး ပညာေရးတကၠသိုလ္ဘက္မွ လမ္းလႊဲလုပ္ငန္းမ်ားကို ဇန္နဝါရီ ၂၅ ရက္မွ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း စီမံကိန္းကာလ တစ္ႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း လ်ာထားခ်က္အရ သိရသည္။

ေျမေအာက္ေလၽွာက္လမ္းႏွင့္ ျပည္လမ္းမႀကီး ကားလမ္းအၾကားတြင္ ႀကံ့ခိုင္မႈအျပည့္ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာ ဌာန(လမ္း/တံတား)မွ သိရသည္။

အစိုးရရံုးေတြရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

ယင္းေျမေအာက္ေလၽွာက္လမ္းစီမံကိန္းသည္ ျပည္လမ္းမႀကီးအား ျဖတ္သန္းကာ ေျမေအာက္မွ တူးေဖာ္တည္ေဆာက္ေနသည့္အတြက္ ေလၽွာက္လမ္းႀကီးၿပီးလၽွင္ သြားလာၾကမည့္ ျပည္သူမ်ားအတြက္ လုံျခဳံေရးစနစ္မ်ား၊ စည္ကားေစရန္ ေစ်းဆိုင္မ်ား၊ အဲကြန္းႏွင့္ လၽွပ္စစ္မီးတိုင္ မ်ားကို စနစ္တက်ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထိုေျမေအာက္ေလၽွာက္လမ္းၿပီးစီးလၽွင္ ရန္ကုန္ပညာေရး တကၠသိုလ္/တကၠသိုလ္ေလ့က်င့္ေရးေက်ာင္းမွ ေက်ာင္းသား/သူမ်ား၊ ဆရာ/ဆရာမမ်ား၊ Junction Square ႏွင့္ Times City Shopping Mail တို႔သို႔ ေန႔စဥ္ႏွင့္အမၽွ ကူးလူးသြားလာေနၾကေသာ ခရီးသြားျပည္သူမ်ား ယာဥ္အႏၲရာယ္ကင္းရွင္းစြာ သြားလာနိုင္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

Source; The Mirror Daily

Photo Credit

Zawgyi

ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် မြေအောက်လျှောက်လမ်းစီမံကိန်းကို စတင်ဆောင်ရွက်

ပညာရေး တက္ကသိုလ်ဘက်ခြမ်းမှ ပြည်လမ်းမကြီးအား မြေအောက်မှတူးဖော်ကာ ဖြတ်သန်းဖောက်လုပ်သွားမည့် ရန်ကုန်မြို့၏ မြေအောက်လျှောက်လမ်း စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။

မြေအောက်လျှောက်လမ်း ဆောက်လုပ်ရန်အတွက် ယခုအခါတွင် လမ်းလွှဲလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း အဆိုပါစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ ပညာရေး တက္ကသိုလ်ဘက်ခြမ်းမှ ပြည်လမ်းမကြီးအား မြေအောက်မှတူးဖော်ကာ လမ်းဖြတ်ကူးမြေအောက်လျှောက်လမ်း (Underpass) ကို တည်ဆောက်သွားမှာ ဖြစ်သည်။

"လက်ရှိကတော့ ကျွန်တော်တို့ရန်ကုန်မှာ မိုးပျံတံတားတွေ၊ လမ်းတွေ ဆောက်လုပ်ဖို့ရှိတယ်။ ဒီစီမံကိန်းကြီးတွေနဲ့ချိန်ဆပြီး အစဉ်ပြေအောင် ဆောင်ရွက်နေပါတယ်။ အခုကတော့ ကျွန်တော်တို့ ပညာရေးတက္ကသိုလ်ရှေ့ ရန်ကုန်ပြည်လမ်းမှာ လမ်းအောက်ကနေ လိုဏ်ခေါင်းတူးပြီး တည်ဆောက်သွားမယ့် လမ်းဖြတ်ကူးမြေအောက် လျှောက်လမ်းဆောက်လုပ်ဖို့ စီမံကိန်းကတော့စနေပြီ။ အခုကတော့ လမ်းလွှဲလုပ်ငန်းတွေ စတင်နေပါပြီ။ ပြည်လမ်းအောက်ကိုတည်ဆောက်မယ့်နေရာမှာ လက်ရှိသွားလာနေတဲ့ ကားတွေ ပုံမှန်သွားလာနိုင်အောင် လမ်းလွှဲအသုံးပြု မှုတွေ ဆောင်ရွက်ပေးရမှာပါ။ ပြီးမှ ပြည်လမ်းမကြီးကိုတူးပြီး မြေအောက်လျှောက်လမ်းကို တည်ဆောက်ရမှာပါ"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အင်ဂျင်နီယာ ဦးကြည်စန်းက ပြောသည်။

အဆိုပါ မြေအောက်လျှောက်လမ်းသည် အရှည် မီတာ ၃၀၊ အကျယ် သုံးမီတာနှင့် အမြင့် သုံးမီတာ ရှိမည်ဖြစ်ကြောင်း သိရသည်။

လမ်းဖြတ်ကူး မြေအောက်လျှောက်လမ်းစီမံကိန်းသည် လက်ရှိတွင် မြေတူးဖော်ရေးလုပ်ငန်းများ စတင်နေပြီး ပညာရေးတက္ကသိုလ်ဘက်မှ လမ်းလွှဲလုပ်ငန်းများကို ဇန်နဝါရီ ၂၅ ရက်မှ ဆောင်ရွက်နေပြီဖြစ်ကြောင်း စီမံကိန်းကာလ တစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း လျာထားချက်အရ သိရသည်။

မြေအောက်လျှောက်လမ်းနှင့် ပြည်လမ်းမကြီး ကားလမ်းအကြားတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန(လမ်း/တံတား)မှ သိရသည်။

ယင်းမြေအောက်လျှောက်လမ်းစီမံကိန်းသည် ပြည်လမ်းမကြီးအား ဖြတ်သန်းကာ မြေအောက်မှ တူးဖော်တည်ဆောက်နေသည့်အတွက် လျှောက်လမ်းကြီးပြီးလျှင် သွားလာကြမည့် ပြည်သူများအတွက် လုံခြုံရေးစနစ်များ၊ စည်ကားစေရန် ဈေးဆိုင်များ၊ အဲကွန်းနှင့် လျှပ်စစ်မီးတိုင် များကို စနစ်တကျထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုမြေအောက်လျှောက်လမ်းပြီးစီးလျှင် ရန်ကုန်ပညာရေး တက္ကသိုလ်/တက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ Junction Square နှင့် Times City Shopping Mail တို့သို့ နေ့စဉ်နှင့်အမျှ ကူးလူးသွားလာနေကြသော ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.