Tuesday, 11 February 2020 09:45

thanlwin.jpg

သန္လ်င္ၿမိဳ႕နယ္ႏွင့္ သီလဝါအထူးစီးပြားေရးဇုန္ကို ဆက္သြယ္ထားေသာ အဓိကလမ္းမႀကီးျဖစ္သည့္ သန္လ်င္-သီလဝါ အထူးစီးပြားေရးဇုန္ လမ္းပိုင္းေဖာက္လုပ္မႈမွာ လက္ရွိတြင္ ရာႏႈန္းျပည့္ ၿပီးစီးေနၿပီျဖစ္၍ မၾကာမီဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

သန္လ်င္-သီလဝါအထူးစီးပြားေရးဇုန္လမ္းပိုင္းကို ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA ) ၏ ODA Loan ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး Main Contractor အျဖစ္ Tekken Corporation ၊ Consultant အျဖစ္ Nippon Koei Co.,Ltd.ႏွင့္ ဆပ္ကန္ထ႐ိုက္တာအျဖစ္ Max Myanmar Construction က တာဝန္ယူ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

''သန္လ်င္-သီလဝါ အထူးစီးပြားေရးဇုန္လမ္းက ၿပီးေတာ့မယ္။ မတ္လေလာက္မွာဖြင့္ဖို႔ စီစဥ္ထားပါတယ္။ " ဟု JICA Myanmar Office (Chief Representative) Mr. Masayuki KARASAWA ကေျပာသည္။

Read more >>> တိုယိုတာကုမၸဏီ၏ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈ စက္႐ံုကုိ သီလဝါတြင္ ဖြင့္လွစ္မည္

ယခုေဆာင္ရြက္လ်က္ရွိေသာ သန္လ်င္- သီလဝါ အထူးစီးပြားေရး ဇုန္လမ္းပိုင္းသည္ အရွည္ ၅ မိုင္ ၄ ဖာလုံရွိၿပီး ယာဥ္သြားလမ္းအက်ယ္ ၄၆ ေပ၊ ေလးလမ္းသြားႏွင့္ လမ္းပခုံးသား ႏွစ္ဖက္အက်ယ္ ၆ ဒသမ ၆ ေပ ရွိေၾကာင္း သိရသည္။

ထို႔ျပင္ လမ္းေဘးဝဲယာ၌ ေရေျမာင္းႏွင့္ Cable Line ထည့္မည့္ Box အက်ယ္ ႏွစ္ဖက္ ၂၆ ေပပါရွိေၾကာင္းလည္းသိရသည္။

လက္ရွိ သီလဝါအထူးစီးပြားေရးဇုန္၌ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံမွ ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္လ်က္ရွိၿပီး အင္ဂ်င္၊ စက္ယႏၲရား တည္ေဆာက္ရန္ ျမန္မာႏိုင္ငံအစိုးရ၊ ဂ်ပန္ႏိုင္ငံအစိုးရႏွင့္ ပုဂၢလိကက႑တို႔ ပူးေပါင္းကာ သီလဝါ အထူးစီးပြားေရးဇုန္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းကို ၂ဝ၁၅ ခုႏွစ္မွ စတင္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သီလဝါ အထူးစီးပြားေရးဇုန္၌ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ယာဥ္ႏွင့္တျခားစက္ပစၥည္း အစိတ္အပိုင္းမ်ား၊ တစ္စိတ္တစ္ပိုင္း တပ္ဆင္သည့္လုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္အျပင္ စက္မႈက႑၊ ေန႔စဥ္သုံးပစၥည္းမ်ား ျဖန္႔ျဖဴးျခင္း၊ အစားအေသာက္ႏွင့္ေဆးဝါးမ်ား၊ အထည္ခ်ဳပ္စက္႐ုံမ်ား လုပ္ကိုင္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

စက္မွဳဇုန္ေတြရဲ႕လိပ္စာနဲ႔ဖုန္းနံပါတ္မ်ား

Source; myawady

Zawgyi

နိုင်ငံတကာအဆင့်မီ သန်လျင် - သီလဝါ အထူးစီးပွားရေးဇုန်လမ်းပိုင်းကို လာမည့်မတ်လတွင် ဖွင့်လှစ်မည်

သန်လျင်မြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးဖြစ်သည့် သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန် လမ်းပိုင်းဖောက်လုပ်မှုမှာ လက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သန်လျင်-သီလဝါအထူးစီးပွားရေးဇုန်လမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) ၏ ODA Loan ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး Main Contractor အဖြစ် Tekken Corporation ၊ Consultant အဖြစ် Nippon Koei Co.,Ltd.နှင့် ဆပ်ကန်ထရိုက်တာအဖြစ် Max Myanmar Construction က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

''သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်လမ်းက ပြီးတော့မယ်။ မတ်လလောက်မှာဖွင့်ဖို့ စီစဉ်ထားပါတယ်။ " ဟု JICA Myanmar Office (Chief Representative) Mr. Masayuki KARASAWA ကပြောသည်။

ယခုဆောင်ရွက်လျက်ရှိသော သန်လျင်- သီလဝါ အထူးစီးပွားရေး ဇုန်လမ်းပိုင်းသည် အရှည် ၅ မိုင် ၄ ဖာလုံရှိပြီး ယာဉ်သွားလမ်းအကျယ် ၄၆ ပေ၊ လေးလမ်းသွားနှင့် လမ်းပခုံးသား နှစ်ဖက်အကျယ် ၆ ဒသမ ၆ ပေ ရှိကြောင်း သိရသည်။

ထို့ပြင် လမ်းဘေးဝဲယာ၌ ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ် နှစ်ဖက် ၂၆ ပေပါရှိကြောင်းလည်းသိရသည်။

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး အင်ဂျင်၊ စက်ယန္တရား တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရ၊ ဂျပန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ၂ဝ၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ယာဉ်နှင့်တခြားစက်ပစ္စည်း အစိတ်အပိုင်းများ၊ တစ်စိတ်တစ်ပိုင်း တပ်ဆင်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် စက်မှုကဏ္ဍ၊ နေ့စဉ်သုံးပစ္စည်းများ ဖြန့်ဖြူးခြင်း၊ အစားအသောက်နှင့်ဆေးဝါးများ၊ အထည်ချုပ်စက်ရုံများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.