Tuesday, 11 February 2020 08:44

1fa7f5dfffd9d26bbd95f90d00eba3d7.jpg

ရန္ကုန္တိုင္းေဒသႀကီး၌ ၾကက္ႏွင့္ငါးေမြးျမဴေရးလုပ္ငန္းမ်ား အမ်ားဆံုးလုပ္ကိုင္လ်က္ရွိေသာေၾကာင့္ လုပ္ငန္းအေရအတြက္ သိရွိႏိုင္ရန္ စာရင္းေကာက္ယူၿပီး ႏွစ္ရွည္လိုင္စင္ခ်ထားေပးမႈကို ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ သိရသည္။

''ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္မွာ လုပ္ကိုင္ေနတဲ့လုပ္ငန္းေတြကို အရင္ဆံုးစာရင္းေကာက္ယူမယ္။ ၾကက္နဲ႔ငါးတြဲဖက္ေမြးျမဴထားတဲ့ ငါးကန္ဧရိယာေတြကို အရင္ဆံုးစာရင္းေဖာ္ထုတ္ စစ္ေဆးမယ္။ ဒါေတြကိုေတာ့ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနနဲ႔ ပူးေပါင္းၿပီးေကာက္ယူမယ္။ ၾကက္ေမြးျမဴေရးလိုင္စင္ အသစ္ထုတ္ေပးတာေတြကို ရပ္ဆိုင္းဖို႔ တင္ျပထားတာေတြရွိတယ္။ ၾကက္နဲ႔ငါးတြဲဖက္ေမြးျမဴတဲ့ကန္ေတြ၊ ငါးကန္ေပၚမွာ ေဆာက္ထားတဲ့ ၾကက္ၿခံကေနထြက္တဲ့ ၾကက္သားေပါက္ေတြ ေရာင္းခ်တာကို တားျမစ္ဖို႔အတြက္ ပူးေပါင္းလုပ္ေဆာင္ဖို႔ရွိပါတယ္'' ဟု ရန္ကုန္တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာန ဦးစီးမွဴး ေဒၚယဥ္ယဥ္မိုးက ေျပာသည္။

Read more >>> ရန်ကုန်တိုင်းရှိ အလုပ်သမားတစ်ဦး၏ တစ်ရက်ကုန်ကျစရိတ်မှာ ငွေကျပ် ၁၀,၀၀၀ ကျော်ရှိနေ

ၾကက္ေမြးျမဴေရး လုပ္ငန္းမ်ားအတြက္ ႏွစ္ရွည္လိုင္စင္ ခ်ထားေပးျခင္းကို ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တျဖည္းျဖည္းခ်င္း ရပ္ဆိုင္းမည္ျဖစ္ၿပီး ငါးလုပ္ငန္းဦးစီးဌာနမွလည္း ၾကက္ႏွင့္ငါး တြဲဖက္ေမြးျမဴထားသည့္ ကန္မ်ားကို ေမြးျမဴေရးလိုင္စင္ခြန္ ေကာက္ယူမည္မဟုတ္ဘဲ ၾကက္ၿခံဖ်က္သိမ္းျခင္းကိုသာ လုပ္ေဆာင္ေစမည္ျဖစ္ေၾကာင္း သိရသည္။

ၾကက္ႏွင့္ငါး တြဲဖက္ေမြးျမဴျခင္းကို ၿပီးခဲ့သည့္ ၁ဝ ႏွစ္က စတင္လုပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္လုပ္ငန္းမ်ား ပိုမိုႀကီးထြားလာေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးရွိ ၾကက္ႏွင့္ငါး တြဲဖက္ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ ဥစားၾကက္ အေကာင္ေရ သိန္း ၃ဝ ေက်ာ္ႏွင့္ အသားစားၾကက္ အေကာင္ေရ သိန္း ၃ဝ စုစုေပါင္း အေကာင္ေရ သိန္း ၆ဝ ေက်ာ္ေမြးျမဴထားကာ ျပည္တြင္းေစ်းကြက္သို႔ ေရာက္ရွိေနသည့္ ငါးမ်ား၏ ၅ဝ ရာခိုင္ႏႈန္းခန္႔မွာလည္း ၾကက္ႏွင့္ ငါးတြဲဖက္ေမြးျမဴျခင္းလုပ္ငန္းမွ ရရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

Source; myawady

Zawgyi

ကြက်နှင့်ငါး တွဲဖက်မွေးမြူထားသည့် လုပ်ငန်းများကို ဖျက်သိမ်းပြီး နှစ်ရှည်လိုင်စင် ချထားပေးမှုကို ရပ်ဆိုင်းမည်

ရန်ကုန်တိုင်းဒေသကြီး၌ ကြက်နှင့်ငါးမွေးမြူရေးလုပ်ငန်းများ အများဆုံးလုပ်ကိုင်လျက်ရှိသောကြောင့် လုပ်ငန်းအရေအတွက် သိရှိနိုင်ရန် စာရင်းကောက်ယူပြီး နှစ်ရှည်လိုင်စင်ချထားပေးမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

''ရန်ကုန်မြောက်ပိုင်းခရိုင်မှာ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေကို အရင်ဆုံးစာရင်းကောက်ယူမယ်။ ကြက်နဲ့ငါးတွဲဖက်မွေးမြူထားတဲ့ ငါးကန်ဧရိယာတွေကို အရင်ဆုံးစာရင်းဖော်ထုတ် စစ်ဆေးမယ်။ ဒါတွေကိုတော့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးကောက်ယူမယ်။ ကြက်မွေးမြူရေးလိုင်စင် အသစ်ထုတ်ပေးတာတွေကို ရပ်ဆိုင်းဖို့ တင်ပြထားတာတွေရှိတယ်။ ကြက်နဲ့ငါးတွဲဖက်မွေးမြူတဲ့ကန်တွေ၊ ငါးကန်ပေါ်မှာ ဆောက်ထားတဲ့ ကြက်ခြံကနေထွက်တဲ့ ကြက်သားပေါက်တွေ ရောင်းချတာကို တားမြစ်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ရှိပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်မိုးက ပြောသည်။

ကြက်မွေးမြူရေး လုပ်ငန်းများအတွက် နှစ်ရှည်လိုင်စင် ချထားပေးခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တဖြည်းဖြည်းချင်း ရပ်ဆိုင်းမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှလည်း ကြက်နှင့်ငါး တွဲဖက်မွေးမြူထားသည့် ကန်များကို မွေးမြူရေးလိုင်စင်ခွန် ကောက်ယူမည်မဟုတ်ဘဲ ကြက်ခြံဖျက်သိမ်းခြင်းကိုသာ လုပ်ဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

ကြက်နှင့်ငါး တွဲဖက်မွေးမြူခြင်းကို ပြီးခဲ့သည့် ၁ဝ နှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လုပ်ငန်းများ ပိုမိုကြီးထွားလာကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးလုပ်ငန်းများတွင် ဥစားကြက် အကောင်ရေ သိန်း ၃ဝ ကျော်နှင့် အသားစားကြက် အကောင်ရေ သိန်း ၃ဝ စုစုပေါင်း အကောင်ရေ သိန်း ၆ဝ ကျော်မွေးမြူထားကာ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိနေသည့် ငါးများ၏ ၅ဝ ရာခိုင်နှုန်းခန့်မှာလည်း ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းလုပ်ငန်းမှ ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.