Monday, 10 February 2020 09:18

31224951448_8164e38253_b.jpg

တစ္ဦးခ်င္းပိုင္ YBS ယာဥ္မ်ား မတ္လကုန္ေနာက္ဆုံးထား၍ ကုမၸဏီအမည္ေပါက္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

ထိုသို႔ တစ္ဦးခ်င္းပိုင္ YBS ယာဥ္မ်ားကို ကုမၸဏီအမည္ေပါက္ လုပ္ေဆာင္ျခင္းမွာ စီမံခန္႔ခြဲမႈအပိုင္းတြင္ ထိေရာက္မွန္ကန္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဦးတည္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၅ ရက္က ျပဳလုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ႏွင့္ သတင္းမီဒီယာမ်ား ေတြ႕ဆုံပြဲတြင္ ေျပာၾကားျခင္းျဖစ္သည္။

(၃)ႏွစ္တာ ကာလမွာ တိုးတက္ေျပာင္းလဲလာတဲ့ YBS ( Yangon Bus Service )

ထို႔ေၾကာင့္ ေျပာင္းလဲခဲ့သည့္ YBS စနစ္အတြင္း ေျပးဆြဲေနေသာ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ားကို မပိတ္ပင္ဘဲ ပါဝင္ေျပးဆြဲခြင့္ေပးခဲ့ၿပီး ယာဥ္အို၊ယာဥ္ေဟာင္း ပိုင္ရွင္မ်ားအတြက္လည္း ထိခိုက္မႈအနည္းဆုံးျဖစ္ေစရန္အတြက္ YRTA အေနျဖင့္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း‌ေဒသႀကီးအတြင္း လက္ရွိေျပးဆြဲေနသည့္ YBS စနစ္ကို စတင္အေကာင္အထည္ေဖာ္ခဲ့သည္မွာ သုံးႏွစ္ျပည့္ၿပီျဖစ္ေသာ္လည္း YBS ယာဥ္မ်ား၏ သုံးပုံႏွစ္ပုံခန႔္သည္ ကုမၸဏီပိုင္ကားမ်ားျဖစ္ကာ က်န္ကားမ်ားမွာ ကုမၸဏီပိုင္မျဖစ္ေသးသည့္အတြက္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ေနရေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

လက္ရွိ YBS ယာဥ္မ်ားတြင္ အဂၤါရပ္ႏွင့္မညီေသာ စက္စြမ္းအားက်ဆင္းၿပီး ႀကံ့ခိုင္မႈမရွိသည့္ယာဥ္မ်ားႏွင့္ လုပ္ငန္းမလည္ပတ္ႏိုင္ေသာ ယာဥ္မ်ားျဖစ္သည့္ ၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကား YBS အစီးေရ ၇၀၀ ေက်ာ္ရွိေၾကာင္းလည္း သိရသည္။

သတ္မွတ္ထားသည့္ မွတ္တိုင္ဧရိယာအတြင္းသာ ယာဥ္စီးခေငြျဖတ္ေတာက္မည့္ YPS ကတ္စနစ္

Source Mirror Daily

unicode

မတ်လကုန်နောက်ဆုံးထား၍ တစ်ဦးချင်းပိုင် YBS ယာဉ်များ ကုမ္ပဏီအမည်ပေါက် လုပ်ဆောင်ရမည်

တစ်ဦးချင်းပိုင် YBS ယာဉ်များ မတ်လကုန်နောက်ဆုံးထား၍ ကုမ္ပဏီအမည်ပေါက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ထိုသို့ တစ်ဦးချင်းပိုင် YBS ယာဉ်များကို ကုမ္ပဏီအမည်ပေါက် လုပ်ဆောင်ခြင်းမှာ စီမံခန့်ခွဲမှုအပိုင်းတွင် ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ကြောင့် ပြောင်းလဲခဲ့သည့် YBS စနစ်အတွင်း ပြေးဆွဲနေသော ယာဉ်အို၊ ယာဉ်ဟောင်းများကို မပိတ်ပင်ဘဲ ပါဝင်ပြေးဆွဲခွင့်ပေးခဲ့ပြီး ယာဉ်အို၊ယာဉ်ဟောင်း ပိုင်ရှင်များအတွက်လည်း ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် YRTA အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေသည့် YBS စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်မှာ သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း YBS ယာဉ်များ၏ သုံးပုံနှစ်ပုံခန့်သည် ကုမ္ပဏီပိုင်ကားများဖြစ်ကာ ကျန်ကားများမှာ ကုမ္ပဏီပိုင်မဖြစ်သေးသည့်အတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိ YBS ယာဉ်များတွင် အင်္ဂါရပ်နှင့်မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မှုမရှိသည့်ယာဉ်များနှင့် လုပ်ငန်းမလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေ ၇၀၀ ကျော်ရှိကြောင်းလည်း သိရသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.