Friday, 03 January 2020 03:04

ygn_3.jpeg

ရန္ကုန္ၿမိဳ႕ေတာ္၏ အႀကီးဆုံးလူကူးခုံးေက်ာ္တံတားျဖစ္သည့္ အလ်ား ၅၂၅ ေပ၊ အနံ ၁၁ ေပ ရွည္လ်ားေသာ နာနတ္ေတာ – ဘုရင့္ေနာင္ ေလးလမ္းဆုံ လူကူးခုံးေက်ာ္တံတားကို လြတ္လပ္ေရးေန႕အမီ ဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ေျပာၾကားသည္။

အဆိုပါ လူကူးခုံးေက်ာ္တံတားသည္ ကမာ႐ြတ္ရဲစခန္း လမ္းဆုံျဖစ္ေသာ နာနတ္ေတာ-ဘုရင့္ေနာင္ ေလးလမ္းဆုံ မီးပြိဳင့္တို႔ကို ဆက္သြယ္တည္ေဆာက္ထားျခင္းျဖစ္သည္။

အဆိုပါလမ္းဆုံသည္ ဘုရင့္ေနာင္လမ္း၊ လွည္းတန္းလမ္း၊ နာနတ္ေတာလမ္းႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းတို႔ဆုံသည့္ ​ေနရာျဖစ္သည့္အျပင္ ရဲစခန္း၊ စာသင္ေက်ာင္း၊ စာသင္တိုက္၊ ေဆး႐ုံႏွင့္ ဆင္မလိုက္ေဈးသို႔ ျဖတ္သန္းသြားလာရာ ေနရာျဖစ္သည္။

လြတ္လပ္ေရးေန႔ အခမ္းအနားအတြက္ ျမိဳ႕တြင္းလမ္း (၃) လမ္းကို ေခတၱပိတ္ထားမည္

ထိုလမ္းဆုံတြင္ ေန႕စဥ္လမ္းျဖတ္ကူးသည့္ လူဦးေရမ်ားျပားျခင္းႏွင့္ ကြန္တိန္နာယာဥ္မ်ား ျဖတ္သန္းသြားလာမႈရွိသည့္အတြက္ လူကူးခုံးေက်ာ္တံတားတည္ေဆာက္ရျခင္းျဖစ္ေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရွိရသည္။

အဆိုပါ လူကူးခုံးေက်ာ္တံတားကို ၂၀၁၉ ခုႏွစ္ မတ္လတြင္ စတင္တည္ေဆာက္ခဲ့ၿပီး တံတား၏ ယာဥ္ကင္းလြတ္အျမင့္မွာ ၂၀ ေပရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရွိရသည္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ လူကူးခုံးေက်ာ္တံတား ၁၄ ခုခန႔္ရွိေၾကာင္း၊ ဆူးေလလူကူးခုံးေက်ာ္တံတားမွာ ဒုတိယအႀကီးဆုံးျဖစ္ၿပီး အလ်ား ၃၂၄ ေပ၊ အနံ ၇ ေပ ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ စာရင္းမ်ားအရ သိရွိရသည္။

Credit: iMyanmarHouse.com

ယခုနွစ္စ မွစ၍ ျမန္မာနုိင္ငံသုိ႔ အလည္ဗီဇာျဖင့္ လာေရာက္ခြင့္ရရွိသြားသည့္ ႏုိင္ငံ(၅)ခု

Unicode

လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည့် ရန်ကုန်မြို့၏ အကြီးဆုံး လူကူးခုံးကျော်တံတား

ရန်ကုန်မြို့တော်၏ အကြီးဆုံးလူကူးခုံးကျော်တံတားဖြစ်သည့် အလျား ၅၂၅ ပေ၊ အနံ ၁၁ ပေ ရှည်လျားသော နာနတ်တော – ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံးကျော်တံတားကို လွတ်လပ်ရေးနေ့အမီ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကမာရွတ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောကြားသည်။

အဆိုပါ လူကူးခုံးကျော်တံတားသည် ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ မီးပွိုင့်တို့ကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါလမ်းဆုံသည် ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်း၊ နာနတ်တောလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းတို့ဆုံသည့် နေရာဖြစ်သည့်အပြင် ရဲစခန်း၊ စာသင်ကျောင်း၊ စာသင်တိုက်၊ ဆေးရုံနှင့် ဆင်မလိုက်ဈေးသို့ ဖြတ်သန်းသွားလာရာ နေရာဖြစ်သည်။

ထိုလမ်းဆုံတွင် နေ့စဉ်လမ်းဖြတ်ကူးသည့် လူဦးရေများပြားခြင်းနှင့် ကွန်တိန်နာယာဉ်များ ဖြတ်သန်းသွားလာမှုရှိသည့်အတွက် လူကူးခုံးကျော်တံတားတည်ဆောက်ရခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ လူကူးခုံးကျော်တံတားကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး တံတား၏ ယာဉ်ကင်းလွတ်အမြင့်မှာ ၂၀ ပေရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ၁၄ ခုခန့်ရှိကြောင်း၊ ဆူးလေလူကူးခုံးကျော်တံတားမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး အလျား ၃၂၄ ပေ၊ အနံ ၇ ပေ ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရှိရသည်။

Credit: iMyanmarHouse.com


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.