Friday, 08 November 2019 06:52

74345763_2540420052708222_2120674187260461056_o.jpg

(၇) ကြိမ်မြောက် MEMORY! ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၅ မှ ၂၄ ရက်နေ့ အထိ (၁၀) ရက်တာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ရိုးရာဓလေ့နှင့် ရုပ်ရှင်အမွေအနှစ်များကို အများပြည်သူများ ပိုမိုစိတ်ဝင်စားမှုရှိလာစေရန်ရည်ရွယ် ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် ရုပ်ရှင်ပွဲတော်ပြသရာတွင် ရုပ်ရှင်ပြသပွဲ ကျင်းပရာနေရာအသစ်တစ်ခုအား ထည့်သွင်းထားပြီး ရန်ကုန်မြို့လယ်ခေါင် ၃၃ လမ်း နှင့် ၃၄ လမ်းကြားရှိ အသစ်ပြုပြင်မွမ်းမံထားသော နောက်ဖေးလမ်းကြားတွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ထိုနေရာတွင် ရုပ်ရှင်ပြပွဲများ ပြုလုပ်ရုံသာမကဘဲ မြန်မာ့ရုပ်ရှင် ရွှေခေတ်မှ နံရံပန်းချီများကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ပုံပါရှိသည့် ငါးမူးသား ရွှေဒင်္ဂါးပုံစံအသစ်ကို ယခုပတ်မှစ၍ ရောင်းချမည်

တမူထူးခြားသော ရုပ်ရှင်ပြပွဲများကို ကြယ်တာရာများအောက်၊ နံရံပန်းချီများကြား၊ နိုဝင်ဘာလ ၁၉ ၊ ၂၀၊ ၂၁ ရက်များတွင် သုံးရက်ဆက်တိုက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြသသွားမယ့် ဇာတ်ကားများကတော့ အဖေတစ်ခု သားတစ်ခု ( One father, One Son ) ၊ မှုန်ရွှေရည် ( Sweet Moon ) ၊ မြဂနိုင် ( Emerald Jungle ) ဇာတ်ကားတို့ ဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာကတည်းက ဤလမ်းများတွင် မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးများကို တည်ထောင်ခဲ့သောကြောင့် မြန်မာ့ရုပ်ရှင်ရွှေခေတ်ကို ကိုယ်စားပြုသည့် နံရံပန်းချီများ ဖန်တီးခြင်းမှာလည်း အလွန်လိုက်ဖက်ညီမှု ရှိပါတယ်။

အတိတ်မှ ရုပ်ရှင်ပိုစတာများ၊ ဇာတ်ဝင်ခန်းများ (သို့) မြန်မာနိုင်ငံမှ နာမည်ကြီးသရုပ်ဆောင်များအား ရေးဆွဲထားသည့် ပန်းချီများကို ကြည့်ရှုခြင်းဖြင့် ကြည့်ရှုသူများအနေဖြင့် ပျောက်ဆုံးသွားသော (သို့) အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးသွားသော မြန်မာ့ရုပ်ရှင်ခေတ်ဟောင်းကို ပြန်လည်ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယမြောက် ဖန်ပြွန်သန္ဓေသားကို ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် အောင်မြင်စွာမွေးဖွား

ပျောက်ဆုံးသွားသော မြန်မာ့ရုပ်ရှင်အမွေအနှစ်များကို စုစည်းတင်ဆက်ရန် ကြံရွယ်ထားသည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ အစီအစဉ်နှင့် အတူ ၁၉၂၀ ခုနှစ် မှစ၍ ရသစုံလင်ခဲ့သော မြန်မာ့ရုပ်ရှင်လောကကို ဤလမ်းကြားအနုပညာပြပွဲတွင် တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ကားများထဲတွင် မှုန်ရွှေရည် ပါဝင်ပြီး ဂျာမန်ရုပ်ရှင်မော်ကွန်းတိုက်မှ ပြန်လည်တွေ့ရှိထားကာ ဒစ်ဂျစ်နည်းပညာအသွင် ပြောင်းလဲထားခြင်းဖြစ်ပြီး ဤကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာအသွင် ပြောင်းလဲထားသော ရုပ်ရှင်ကားကြီးကို ပထမဦးဆုံးအကြိမ်အဖြစ် ဤလမ်းထဲတွင် ပြသသွားမှာ ဖြစ်ပါတယ်။

YGNWALLS ကို အနုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဖွဲ့စည်းထားပြီး ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများကို ဖန်တီးမှုအားကောင်းသော၊ အနုပညာလက်ရာမြောက်သော နေရာများ အဖြစ် ပြောင်းလဲလျက်ရှိပါတယ်။

May Thu Thu


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.