Thursday, 10 October 2019 10:43

4W3A9748.jpg

ရန်ကုန်တိုင်းဒေသကြီးတွင် လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံထားတဲ့ အဆောက်အအုံပေါင်း (၉၀) ရှိပြီး

အဆောက်အအုံများကို ဖြိုဖျက်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းများကို ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ပါက ကုန်ကျစရိတ်အဝဝကို ပိုင်ရှင်ထံမှ တောင်းခံရန်အတွက် ခွင့်ပြုချက်ကို တိုင်းဒေသလွှတ်တော်အစည်းအဝေးတွင် တင်ပြထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ဟာ ငလျင်ဒဏ် ကြုံတွေ့ခံစားနိုင်တဲ့ ဒေသများထဲတွင် ပါဝင်တာကြောင့် အဆောက်အအုံဟောင်းများကို ကြိုတင် ဖြိုဖျက်ထားခြင်း၊ ပြန်လည်ပြုပြင်မှုများ ပြုလုပ်ရန်လိုအပ်နေပါတယ်။

၁၉၉၄-၁၉၉၅ ခုနှစ်မှ စပြီး ၂၀၁၃ ခုနှစ် ၁၀ လပိုင်းအထိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံ စုစုပေါင်း ၁,၆၆၇ လုံးတွင် ပြုပြင်ဆဲနှင့် ပြုပြင်ပြီး အဆောက်အအုံပေါင်း ၁,၅၇၇ လုံးရှိပါတယ်။

မြို့နယ် ( ၄ ) မြို့နယ်ရှိ မြေကွက် လျှောက်လွှာများကို တစ်စောင် တစ်​သောင်းကျပ်ဖြင့် ရောင်းချ

ကျန်ရှိနေတဲ့ အဆောက်အအုံ ၉၀ မှာ အခုလက်ရှိအချိန်ထိ ပြန်လည်ပြုပြင်ရန် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရန်၊ ပြင်ဆင်ရန် ကြန့်ကြာ လျက်ရှိနေတာကို တွေ့ရပါတယ်။

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရတဲ့ အဆောက်အအုံများတွင် သတိပေးတားမြစ်ထားသည့် သင်္ကေတများ ချိတ်ဆွဲထားပြီး နေထိုင်သူများရှိပါက ရွှေ့ပြောင်းနေထိုင်ဖို့ ညွှန်ကြားချက်တွေကို ပြုလုပ်ထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၁ (က)တွင်

မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ သို့မဟုတ် ယင်း၏ အစိတ်အပိုင်း တစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ ဘေးအန္တရာယ်ကျ ရောက်နိုင်ခြင်း သို့မဟုတ် လူနေထိုင်အသုံးပြုရန် သင့်တော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အဆိုပါအဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက်နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်းအပေါ် လိုက်နာခြင်းမရှိပါက ယင်းအဆောက်အအုံမှ ဖယ်ရှားခြင်း၊ ပြန်လည်ပြင်ဆင် တည်ဆောက်ခွင့်ပြုခြင်း၊ သို့မဟုတ် ဖြိုဖျက်စေခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားပါတယ်။

YBS ကတ်စနစ် စတင်ပါက YBS ယာဉ်အားလုံးကို ယာဉ်စီးခတန်းတူ သတ်မှတ်ပေးမည်

Source Myanmar Time


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.