Thursday, 10 October 2019 04:14

unnamed.jpg

သီတင်းကျွတ်ရုံးပိတ်ရက် နေရပ်ပြန်ဝန်ထမ်းများနှင့် ခရီးသည်များအတွက် ရန်ကုန်-မန္တလေး ၊ မန္တလေး-ရန်ကုန် ခရီးစဉ်များကို အထူးရထားအပါအ၀င် စုစုပေါင်း (၈)စီးဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ကာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာ သီတင်းကျွတ်ကာလတွင် အစိုးရ ရုံးပိတ်ရက် (၅) ရက်ပိတ်သဖြင့် နေရပ်ပြန်မည့် ဝန်ထမ်းများ၊ ခရီးသည်များ အဆင်ပြေစေရန်အတွက် နေပြည်တော်-ရန်ကုန် (အသွား၊ အပြန်) ၊ ရန်ကုန်-မန္တလေး (အသွား၊ အပြန်) ခရီးစဉ်များအား ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်များအပြင် အထူးရထားများပါ ထည့်သွင်းပြေးဆွဲပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

Read More>>> မြန်မာ့မီးရထား၏ ခရီးစဉ်လမ်းကြောင်းနှင့် လတ်မှတ်ဈေးနှုန်းများ

"ရန်ကုန်-မန္တလေး ခရီးစဉ်မှာက အခုလက်ရှိပြေးဆွဲနေတဲ့ မနက် ၊ ညနေပိုင်း ပြေးတဲ့ ရထား သုံးစီးရှိတယ်။ အထူးရထားနဲ့ဆိုရင်တော့ တစ်ရက်ကို လေးစီးပေါ့။ ရန်ကုန်ကနေ မန္တလေးကို ပုံမှန်ပြေးဆွဲနေတာ သုံးစီး။ နောက်ထပ် အထူးရထားတစ်စီးဆိုတော့ လေးစီးပေါ့။ ဒီတော့ တစ်ရက်ကို တစ်ဖက် လေးစီးစီအနေနဲ့ ရထားရှစ်စီး ပြေးဆွဲပေးမှာဖြစ်ပါတယ်" လို့ မြန်မာ့မီးရထားလုပ်ငန်း (နေပြည်တော်) သွားလာရေးဌာနမှ အကြီးတန်းစာရေး ဒေါ်လေးသီတာမျိုးက ပြောပါတယ်။

ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ရထားများမှာ အောက်တိုဘာ ၁၀ ရက်နေ့ နှင့် အောက်တိုဘာလ ၁၅ ရက် နေ့များတွင် တစ်ချိန်တည်း ထွက်ခွာပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှ ထွက်မည့် ရထားမှာ ညနေ ၄ နာရီ ၃၀ ထွက်ခွာပြီး မန္တလေးသို့ နောက်နေ့မနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး မန္တလေးမှ ရန်ကုန် သို့ ထွက်ခွာမည့် ရထားအချိန်မှာ ညနေ ၅ နာရီ ထွက်ခွာပြီး ရန်ကုန်သို့ နောက်နေ့မနက် ၁၁ နာရီ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအထူးရထား စီးနင်းလိုသူများအနေဖြင့် နေပြည်တော် ဘူတာကြီးနှင့် ရန်ကုန်ဘူတာကြီးတို့ရှိ ကြိုတင်လက်မှတ်အရောင်းဌာနများတွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Read More>>>သီတင်းကျွတ်ကာလ ပြေးဆွဲပေးမည့် အထူးရထား၏ လက်မှတ်ဈေးနှုန်းနှင့်အချိန်များ

ထို့အပြင် ရန်ကုန်-ပုဂံ ခရီးစဉ်အတွက်လည်း အထူးရထားပြေးဆွဲပေးရန် စီစဉ်ထားပြီး ရန်ကုန်ဘူတာကြီးမှ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၂)နာရီ (၁၅)မိနစ်တွင် ထွက်ခွာမည်ဖြစ်ရာ နောက်နေ့ မနက် (၉) နာရီတွင် ပုဂံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရန်ကုန်-ပုဂံ လမ်းကြောင်းတွင် အထူးရထားအပြင် ပုံမှန်ပြေးဆွဲနေသည့် အမှတ် (၆၁)အဆန်၊ အမှတ် (၆၂) အစုန်ရထားများကိုလည်း ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source: မြန်မာ့မီးရထား


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.