Tuesday, 08 October 2019 06:21

71791316_766995067088449_4590495869559635968_n.jpg

Zawgyi version

ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ ေျမကြက္မ်ားေရာင္းခ်ေပးေနျပီး အဆိုပါေျမကြက္မ်ားအတြက္ ေလွ်ာက္လႊာမ်ားကို ေအာက္တိုဘာ ၇ ရက္ ေန႔မွ နိုဝင္ဘာ ၈ ရက္ေန႔ အထိ ( ၁ လ ) တိတိ ဝယ္ယူရရွိနိုင္မွာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဝယ္ယူရရွိနိုင္ေသာ ေျမေနရာမ်ားမွာ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ဒဂုံ (အ​ေရွ႕၊ ေျမာက္၊ ေတာင္၊ ဆိပ္ကမ္း)နွင့္ ေမွာ္ဘီၿမိဳ႕နယ္မ်ားျဖစ္ျပီး ၄င္းျမိဳ႕နယ္အတြင္းရွိ ေျမေနရာ ၃၈ ေနရာအတြက္ ေျမကြက္ေပါင္း ၅၀၀ ကို ေလွ်ာက္လႊာမ်ားျဖင့္ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

ေလွ်ာက္လႊာတစ္ေစာင္ကို ေငြက်ပ္ တစ္​ေသာင္းနွဳန္းနဲ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ ျဗဟၼစိုရ္လမ္း (၄/၆)ႏွင့္ သီလလမ္းေထာင့္ရွိ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ စုေပါင္း႐ုံးတြင္ ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

ေလွ်ာက္လႊာဝယ္ယူဖို႔ ႏိုင္ငံသား စိစစ္ေရးကဒ္ျပားမူရင္း၊ မိတၱဴတုိ႔လိုအပ္ျပီး လူတစ္​ေယာက္ကို ေဖာင္ ( ၁ ) ေစာင္သာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

YBS ကတ္စနစ္ စတင္ပါက YBS ယာဥ္အားလုံးကို ယာဥ္စီးခတန္းတူ သတ္မွတ္ေပးမည္

ေျမကြက္မ်ားမွာ (၄၀x၆၀)ေပ၊ (၆၀x၆၀)ေပ၊ (၆၀x၈၀)ေပ၊ (၁၀၀x၁၀၀)ေပ၊ (၆၀x၁၂၀) ေပ၊ (၁၀၀x၁၂၀)ေပ အက်ယ္အဝန္းရွိျပီး ေျမေဈးႏႈန္းကေတာ့ ရန္ကုန္တိုင္းကာလ တန္ဖိုးစိစစ္​ေရးအဖြဲ႕မွ သတ္မွတ္ထား​ေသာ ေဈးႏႈန္းအ​ေပၚ ၾကမ္းခင္း​ေဈး သတ္မွတ္တာ ျဖစ္ပါတယ္။

ဝယ္ယူထားသည့္ ေလွ်ာက္လႊာမ်ားကို နိုဝင္ဘာ ၁ ရက္ေန႔မွ ၈ ရက္ေန႔ အတြင္း ျပန္တင္ရမွာ ျဖစ္ျပီး စက္မႈလုပ္ငန္း လုပ္ကိုင္လိုသူမ်ားက​ေတာ့ ေမွာ္ဘီ ေျမာင္းတကာစက္မႈဇုံကိုဘဲ ေလွ်ာက္ရမွာ ျဖစ္ပါတယ္။

ခြင့္ျပဳေၾကာင္း အေၾကာင္းၾကားစာရသည့္ေန႔မွ (၆)လအတြင္း ေျမအတြက္ ေငြအေၾကေပးသြင္းရမွာျဖစ္ျပီး ေျမရၿပီး (၆)လ အတြင္း အေဆာက္အဦးေဆာက္ၿပီးပါက ေျမဂရန္ပါ ရရွိမွာ ျဖစ္ပါတယ္။

(၃)ႏွစ္အတြင္း အမည္ေျပာင္းျခင္း/တဆင့္ေရာင္းခ်ျခင္းတို႔ကို ခြင့္ျပဳမွာ မဟုတ္ဘဲ သတ္မွတ္စည္းကမ္းမလိုက္နာပါက ျပန္လည္သိမ္းယူခံရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

72081268_970717163278591_1209223964602138624_n.jpg

72440844_647835805623605_5685940807551418368_n.jpg

Photo Credit Aung Si Lin

May Thu Thu

=============

Unicode Version

ရန်ကုန်တိုင်းအစိုးရမှ မြေကွက် လျှောက်လွှာများကို တစ်စောင် တစ်သောင်းကျပ်ဖြင့် ရောင်းချနေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မြေကွက်များရောင်းချပေးနေပြီး အဆိုပါမြေကွက်များအတွက် လျှောက်လွှာများကို အောက်တိုဘာ ၇ ရက် နေ့မှ နိုဝင်ဘာ ၈ ရက်နေ့ အထိ ( ၁ လ ) တိတိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဝယ်ယူရရှိနိုင်သော မြေနေရာများမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (အရှေ့၊ မြောက်၊ တောင်၊ ဆိပ်ကမ်း)နှင့် မှော်ဘီမြို့နယ်များဖြစ်ပြီး ၎င်းမြို့နယ်အတွင်းရှိ မြေနေရာ ၃၈ နေရာအတွက် မြေကွက်ပေါင်း ၅၀၀ ကို လျှောက်လွှာများဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

လျှောက်လွှာတစ်စောင်ကို ငွေကျပ် တစ်သောင်းနှုန်းနဲ့ တောင်ဥက္ကလာပမြို့နယ် ဗြဟ္မစိုရ်လမ်း (၄/၆)နှင့် သီလလမ်းထောင့်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

လျှောက်လွှာဝယ်ယူဖို့ နိုင်ငံသား စိစစ်ရေးကဒ်ပြားမူရင်း၊ မိတ္တူတို့လိုအပ်ပြီး လူတစ်ယောက်ကို ဖောင် ( ၁ ) စောင်သာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

မြေကွက်များမှာ (၄၀x၆၀)ပေ၊ (၆၀x၆၀)ပေ၊ (၆၀x၈၀)ပေ၊ (၁၀၀x၁၀၀)ပေ၊ (၆၀x၁၂၀) ပေ၊ (၁၀၀x၁၂၀)ပေ အကျယ်အဝန်းရှိပြီး မြေဈေးနှုန်းကတော့ ရန်ကုန်တိုင်းကာလ တန်ဖိုးစိစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ဈေးနှုန်းအပေါ် ကြမ်းခင်းဈေး သတ်မှတ်တာ ဖြစ်ပါတယ်။

ဝယ်ယူထားသည့် လျှောက်လွှာများကို နိုဝင်ဘာ ၁ ရက်နေ့မှ ၈ ရက်နေ့ အတွင်း ပြန်တင်ရမှာ ဖြစ်ပြီး စက်မှုလုပ်ငန်း လုပ်ကိုင်လိုသူများကတော့ မှော်ဘီ မြောင်းတကာစက်မှုဇုံကိုဘဲ လျှောက်ရမှာ ဖြစ်ပါတယ်။

ခွင့်ပြုကြောင်း အကြောင်းကြားစာရသည့်နေ့မှ (၆)လအတွင်း မြေအတွက် ငွေအကြေပေးသွင်းရမှာဖြစ်ပြီး မြေရပြီး (၆)လ အတွင်း အဆောက်အဦးဆောက်ပြီးပါက မြေဂရန်ပါ ရရှိမှာ ဖြစ်ပါတယ်။

(၃)နှစ်အတွင်း အမည်ပြောင်းခြင်း/တဆင့်ရောင်းချခြင်းတို့ကို ခွင့်ပြုမှာ မဟုတ်ဘဲ သတ်မှတ်စည်းကမ်းမလိုက်နာပါက ပြန်လည်သိမ်းယူခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit Aung Si Lin

May Thu Thu


Read times Last modified on Wednesday, 09 October 2019 06:44
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.