Monday, 07 October 2019 09:14

YPS-payment-card.jpg

Zawgyi Version

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနသည့္ ခရီးသည္တင္ ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ ယာဥ္စီးခေပးကတ္စနစ္ စတင္အသုံးျပဳပါက ယာဥ္လိုင္းမ်ားအားလုံး ယာဥ္စီးခႏႈန္းထားမ်ား တစ္ေျပးညီတန္းတူ သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲ မႈအာဏာပိုင္အဖြဲ႕ (YRTA) မွသိရသည္။

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနသည့္ ဝိုင္ဘီအက္စ္ ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခေပးကတ္စနစ္အား ေအာက္တိုဘာလအတြင္း ယာဥ္အစီး ၁၅ဝဝ တြင္ စတင္တပ္ဆင္အသုံးျပဳၿပီး ေငြေပးေခ်သည့္ ကတ္ တစ္သိန္းကို G&G Convenience Store ဆိုင္မ်ားတြင္ မၾကာခင္စတင္ေရာင္းခ် ေပးမည္ျဖစ္ေၾကာင္း ယာဥ္စီးခေပးကတ္စနစ္ လုပ္ကိုင္ခြင့္ရရွိထားသည့္ တင္ဒါေအာင္ Asia Star Mar Transport Intelligent ကုမၸဏီမွ သိရသည္ ။

ကားလမ္းပိတ္ေနတဲ့အခါ လမ္းေပၚမွာ အခ်ိန္ကုန္ေနတာမ်ိဳး မျဖစ္ရေအာင္

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနသည့္ ဝိုင္ဘီအက္စ္ ခရီးသည္တင္ ယာဥ္လိုင္းကုမၸဏီမ်ားတြင္ လက္ရွိေကာက္ခံေနသည့္ ယာဥ္စီးခႏႈန္းထားမ်ားသည္ ၿမိဳ႕တြင္းပတ္ ယာဥ္လိုင္းမ်ား၌ က်ပ္ ၁ဝဝ၊ အျခားယာဥ္လိုင္းမ်ားအနက္ အခ်ိဳ႕ယာဥ္လိုင္းမ်ား၌ က်ပ္ ၂ဝဝ၊ ၃ဝဝ၊ ၅ဝဝမွ ၁,ဝဝဝ အထိ ယာဥ္စီးခႏႈန္းထား သတ္မွတ္ေကာက္ခံေနမႈမ်ားရွိၿပီး တူညီမႈမရွိေၾကာင္း သိရသည္။

ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ အသုံးျပဳမည့္ ယာဥ္စီးခေပး ကတ္စနစ္စက္မ်ားကို ယခုႏွစ္အတြင္း ယာဥ္စီးေရ ၂ဝဝဝ တြင္ စတင္တပ္ဆင္အသုံးျပဳမည္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ခရီးသည္ပို႔ေဆာင္ေရး လုပ္ငန္းေဆာင္႐ြက္မႈကို ယခင္ မထသစနစ္မွ ၂ဝ၁၇ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္တြင္ ဝိုင္ဘီအက္စ္စနစ္သို႔ စတင္ေျပာင္းလဲခဲ့ၿပီး ယာဥ္စီးေရ ၂၉ဝဝ ေက်ာ္ျဖင့္ စတင္ေျပးဆြဲခဲ့သည္။

စတင္ေျပးဆြဲစဥ္ ယာဥ္လိုင္းေပါင္း ၆၆ လိုင္းျဖင့္ စတင္ခဲ့ေသာ္လည္း ယာဥ္အမ်ားစုမွာ ပုဂၢလိကပိုင္ယာဥ္မ်ားျဖစ္ကာ ေနာက္ပိုင္းတြင္ ယာဥ္စီးေရ ၁ဝဝဝ ကို တိုင္းေဒသႀကီးအစိုးရက ရင္းႏွီးျမႇဳပ္ႏွံ တိုးခ်ဲ႕ေျပးဆြဲေပးခဲ့သည္။

စက္တင္ဘာ ၂၃ မွစ၍ ရန္ကုန္ၿမိဳ႕ပတ္ ယာဥ္လိုင္းသစ္ကို ယာဥ္အစီးေရ ၂၀ ျဖင့္ စတင္ေျပးဆြဲမည္

ယခုအခါ ရန္ကုန္တိုင္းေဒသႀကီးတြင္ ဝိုင္ဘီအက္စ္ယာဥ္လိုင္း ၁ဝဝ မွ ယာဥ္လမ္းေၾကာင္း ၁၂၃ ေၾကာင္းျဖင့္ တစ္ေန႔ယာဥ္စီးေရ ၄၃ဝဝ ေက်ာ္ေျပးဆြဲလ်က္ရွိၿပီး ေန႔စဥ္ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းကိုဝန္ေဆာင္မႈေပးလ်က္ရွိသည္။

Source Myanmar Time

==============

Unicode Version

YBS ကတ်စနစ် စတင်ပါက YBS ယာဉ်အားလုံးကို ယာဉ်စီးခတန်းတူ သတ်မှတ်ပေးမည်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များတွင် ယာဉ်စီးခပေးကတ်စနစ် စတင်အသုံးပြုပါက ယာဉ်လိုင်းများအားလုံး ယာဉ်စီးခနှုန်းထားများ တစ်ပြေးညီတန်းတူ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ဝိုင်ဘီအက်စ် ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးကတ်စနစ်အား အောက်တိုဘာလအတွင်း ယာဉ်အစီး ၁၅ဝဝ တွင် စတင်တပ်ဆင်အသုံးပြုပြီး ငွေပေးချေသည့် ကတ် တစ်သိန်းကို G&G Convenience Store ဆိုင်များတွင် မကြာခင်စတင်ရောင်းချ ပေးမည်ဖြစ်ကြောင်း ယာဉ်စီးခပေးကတ်စနစ် လုပ်ကိုင်ခွင့်ရရှိထားသည့် တင်ဒါအောင် Asia Star Mar Transport Intelligent ကုမ္ပဏီမှ သိရသည် ။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဝိုင်ဘီအက်စ် ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများတွင် လက်ရှိကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားများသည် မြို့တွင်းပတ် ယာဉ်လိုင်းများ၌ ကျပ် ၁ဝဝ၊ အခြားယာဉ်လိုင်းများအနက် အချို့ယာဉ်လိုင်းများ၌ ကျပ် ၂ဝဝ၊ ၃ဝဝ၊ ၅ဝဝမှ ၁,ဝဝဝ အထိ ယာဉ်စီးခနှုန်းထား သတ်မှတ်ကောက်ခံနေမှုများရှိပြီး တူညီမှုမရှိကြောင်း သိရသည်။

ဝိုင်ဘီအက်စ်ယာဉ်များတွင် အသုံးပြုမည့် ယာဉ်စီးခပေး ကတ်စနစ်စက်များကို ယခုနှစ်အတွင်း ယာဉ်စီးရေ ၂ဝဝဝ တွင် စတင်တပ်ဆင်အသုံးပြုမည်ဖြစ်သည်။

ရန်ကုန်မြို့ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်မှုကို ယခင် မထသစနစ်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဝိုင်ဘီအက်စ်စနစ်သို့ စတင်ပြောင်းလဲခဲ့ပြီး ယာဉ်စီးရေ ၂၉ဝဝ ကျော်ဖြင့် စတင်ပြေးဆွဲခဲ့သည်။

စတင်ပြေးဆွဲစဉ် ယာဉ်လိုင်းပေါင်း ၆၆ လိုင်းဖြင့် စတင်ခဲ့သော်လည်း ယာဉ်အများစုမှာ ပုဂ္ဂလိကပိုင်ယာဉ်များဖြစ်ကာ နောက်ပိုင်းတွင် ယာဉ်စီးရေ ၁ဝဝဝ ကို တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှုပ်နှံ တိုးချဲ့ပြေးဆွဲပေးခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ဝိုင်ဘီအက်စ်ယာဉ်လိုင်း ၁ဝဝ မှ ယာဉ်လမ်းကြောင်း ၁၂၃ ကြောင်းဖြင့် တစ်နေ့ယာဉ်စီးရေ ၄၃ဝဝ ကျော်ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကိုဝန်ဆောင်မှုပေးလျက်ရှိသည်။

Source Myanmar Time


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.