Monday, 07 October 2019 05:02

patience_1.jpg

Zawgyi Version

ျပည္တြင္းျပည္ပမွ ခရီးသြားဧည့္သည္မ်ားသည္ ျမန္မာႏိုင္ငံ၏ ေတာေတာင္ေရေျမ သဘာဝအလွအပမ်ား၊ တိုင္းရင္းသား လူမ်ိဳးမ်ား၏ ႐ိုးရာယဥ္ေက်းမႈ ဓေလ့စ႐ိုက္မ်ားကို ၾကည့္ရႈေလ့လာခံစားႏိုင္ရန္ ေလေၾကာင္းျဖင့္ သာမက နယ္စပ္ဝင္/ထြက္ေပါက္မ်ားမွ ကိုယ္ပိုင္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္လည္းေကာင္း၊ ျပည္တြင္းရွိ အေပ်ာ္စီးသေဘၤာမ်ားျဖင့္လည္းေကာင္း လာေရာက္လည္ပတ္လ်က္ရွိသည္။

ကမာၻလွည့္ခရီးသြား ဧည့္သည္မ်ားသည္ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်း႐ြာမ်ားႏွင့္ ဒုတိယျမစ္က်ဥ္း သဘာဝအလွအပ ရႈခင္းမ်ား၊ ေရလုပ္သားတို႔၏ လူေနမႈ ဓေလ့စ႐ိုက္ေနထိုင္မႈပုံစံမ်ား၊ ဆင္စခန္း၊ ႐ိုးရာအိုးလုပ္ငန္းႏွင့္ ညေန ေနဝင္ဆည္းဆာ အလွအပမ်ားအား ခံစားသိရွိလို၍ ဧရာဝတီျမစ္ေၾကာင္း၊ ခ်င္းတြင္းျမစ္ေၾကာင္း စသည့္ ခရီးစဥ္မ်ားကို ပိုမိုလည္ပတ္လ်က္ရွိေၾကာင္း သိရသည္။

နယ္စပ္ဝင္/ထြက္ေပါက္မ်ားမွ ဝင္ေရာက္လာတဲ့ ခရီးသြားဧည့္သည္နွဳန္း

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ ေအာက္တိုဘာလ (၃) ရက္ေန႔အထိ ျမဝတီ၊ တမူးနယ္စပ္ ဝင္ေပါက္မ်ားမွ ဝင္ေရာက္ၿပီး တာခ်ီလိတ္ နယ္စပ္မွတဆင့္ ထိုင္းႏိုင္ငံသို႔ ထြက္ခြာသည့္ ခရီးစဥ္ (၃၉) ခု၊ ေမာ္ေတာ္ယာဥ္ (၁၃၇) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၁၃၉) စီး၊ လူဦးေရ (၄၆၅) ဦးတို႔ အသီးသီး ဝင္/ထြက္ခဲ့သည္။

စင္ကာပူႏုိင္ငံကုိ သြားလည္ပတ္မယ္ဆိုရင္ မျဖစ္မေနသိထားသင့္တဲ႔ အခ်က္မ်ား

တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီ (၁) ရက္မွ ေအာက္တိုဘာ (၃)ရက္ေန႔အထိ ေန႔ခ်င္းျပန္/ညအိပ္ ထိုင္းႏိုင္ငံသား (၈၇၅၇၉၁) ဦး၊ တတိယႏိုင္ငံသား အမ်ားစုပါဝင္ေသာ ခရီးသည္ (၁၁၉၅၈) ဦး၊ လန႔္ေတာင္းႏွီးဘုရား ေန႔ခ်င္းျပန္ ခရီးစဥ္သို႔ ထိုင္းႏိုင္ငံသား (၃၀၆) ဦး၊ မိုင္းျဖတ္၊ က်ိဳင္းတုံခရီးစဥ္ ထိုင္းႏိုင္ငံသားႏွင့္ တတိယႏိုင္ငံသား ခရီးသည္ (၈၀၆၄) ဦး၊ ဗီဇာ(ဗီဇာ ကင္းလြတ္ခြင့္) ျဖင့္ ျပည္တြင္းသို႔ ဝင္ေရာက္လည္ပတ္သည့္ ခရီးသည္ (၄၇၇၁၂) ဦးတို႔ ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

>>>ျပည္ပခရီးသြားမ်ား ႀကိဳက္ႏွစ္သက္သည့္ ရန္ကုန္ၿမိဳ႕က အမွတ္တရပစၥည္း ( ၁၀ ) ခု

MOI

May Thu Thu

=============

Unicode Version

သီတင်းကျွတ်အမီ လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွားများ

ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်းဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယမြစ်ကျဉ်း သဘာဝအလှအပ ရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေ နေဝင်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့် ခရီးစဉ်များကို ပိုမိုလည်ပတ်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်နှုန်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ (၃) ရက်နေ့အထိ မြဝတီ၊ တမူးနယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့် ခရီးစဉ် (၃၉) ခု၊ မော်တော်ယာဉ် (၁၃၇) စီး၊ မော်တော်ဆိုင်ကယ် (၁၃၉) စီး၊ လူဦးရေ (၄၆၅) ဦးတို့ အသီးသီး ဝင်/ထွက်ခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ အောက်တိုဘာ (၃)ရက်နေ့အထိ နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား (၈၇၅၇၉၁) ဦး၊ တတိယနိုင်ငံသား အများစုပါဝင်သော ခရီးသည် (၁၁၉၅၈) ဦး၊ လန့်တောင်းနှီးဘုရား နေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၃၀၆) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား ခရီးသည် (၈၀၆၄) ဦး၊ ဗီဇာ(ဗီဇာ ကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် (၄၇၇၁၂) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

MOI


Read times Last modified on Wednesday, 09 October 2019 06:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.