Wednesday, 18 September 2019 03:17

70783634 1452642928207848 2610136352599048192 o

၂၀၂၀ အာရှယူ-၁၆ ခြေစစ်ပွဲအဆင့်ကို အုပ်စု ၁၁ အုပ်စုခွဲထားပြီး အုပ်စု ပထမ ၁၁ သင်း နှင့် အုပ်စု ဒုတိယ အကောင်းဆုံး ၄ သင်း (သို့မဟုတ်) ၅ သင်း ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။

အိမ်ရှင် မြန်မာ၊ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်တိုင်ပေ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစား ကြမည့် အုပ်စု (K) ပွဲစဉ်များကို ဖော်ပြပေးလိုက်ပါသည်။

ပွဲစဉ်များကို အိမ်ရှင်အဖြစ် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး

အုပ်စုပွဲစဉ်များအဖြစ် ယနေ့တွင် မြန်မာနှင့် ထိုင်း၊ တောင်ကိုရီးယား နှင့် တရုတ်တိုင်ပေ၊

စက်တင်ဘာ၂၀ရက်တွင် မြန်မာနှင့် တောင်ကိုရီးယား၊ တရုတ်တိုင်ပေ နှင့် ထိုင်း

စက်တင်ဘာ ၂၂ရက်တွင် မြန်မာ နှင့် တရုတ်တိုင်ပေ၊  ထိုင်း နှင့် တောင်ကိုရီးယား အသင်းတို့ ညနေ ၃နာရီ နှင့် ည၆နာရီအချိန်တို့၌ အသီးသီး ယှဉ်ပြိုင်ကစားသွား ကြမည် ဖြစ်သည်။

ဘောလုံးချစ်သူများ အကြိုက်တွေ့စေမယ့် ရန်ကုန်မြို့က အားကစားပစ္စည်း အရောင်းဆိုင်များ

မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ပါဝင်ယှဉ်ပြိုင်ကစားမည့် AFC U-16 Championship 2020 ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ အားလုံးကို My Sports Facebook Page မှ တိုက်ရိုက် ထုတ်လွှင့် ပြသမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင်လည်း တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

MFF

69539109 1452446451560829 9053589750555869184 n


Read times Last modified on Wednesday, 18 September 2019 03:58
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.