Tuesday, 10 September 2019 10:32

9000690.jpg

နှစ် ၁၀ဝ ကျော်သက်တမ်းရှိ ရန်ကုန်တက္ကသိုလ်အတွင်းမှ ရွက်ကြွေသစ်ပုပ်ပင်ကြီးအား ရှေးဟောင်းအမွေအနှစ်အထိမ်း အမှတ်အပြာရောင်ကမ္ပည်းပြားကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက တပ်ဆင်ခဲ့သည်။

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံများနှင့် အထင် ကရ နေရာများအား အများပြည်သူလေ့လာနိုင်ရန် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ၍ အပြာရောင်ကမ္ပည်းပြားများတပ်ဆင်နေရာ ယခုသစ်ပုပ်ပင်ကြီး အား (၃၂)ခုမြောက်ကမ္ပည်းပြားအဖြစ် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

သစ်ပုပ်ပင်သည် ရွက်ကြွေပင်ကြီးတစ်ပင်ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Tetrameles nudiflora. R. Br (Datiscaceae) ဖြစ်ကာ ရန်ကုန်မြို့၏ အထင်ရှားဆုံးသစ်ပင်ကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သက်တမ်းအတိအကျခန့်မှန်း နိုင်ရန် ခက်ခဲသော်လည်း ၁၉၂၀ ပြည့်နှစ်တွင် အစပြုခဲ့သည့် ရန်ကုန်တက္ကသိုလ်ထက် ပိုမိုသက်တမ်းရင့်ကြောင်း မှတ်တမ်း များအရ သိရသည်။

သစ်ပုပ်ပင်ကြီးသည် ရန်ကုန်တက္ကသိုလ်၏ အထင်ကရနေရာများဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမ၊ဂျပ်ဆင်၊အင်းလျားကန်နှင့်ကံ့ကော်တောများကဲ့သို့ပင် အဓိကသင်္ကေတတစ်ခုဖြစ်ပြီး တက္ကသိုလ်နောက်ခံကဗျာ၊ စာပေများတွင် ဖော်ပြခံရသည့် ဇာတ်ကောင်လည်းဖြစ်သည်။

ယခုကဲ့သို့ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ရခြင်းမှာ လူသိများပြီးသားအဆောက်အအုံများ၊ နေရာများကိုပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်နှင့် လူသိနည်းသေးသည့် အဆောက်အအုံများအကြောင်းကို လူများပိုမိုသိရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။

“သဘာဝ” လို့ အမည်ပေးထားတဲ့ ညစ်ညမ်းစေမှု ပိုနည်းတဲ့ ကုန်ထုတ်လုပ်မှု ဖြစ်စေရေး စီမံကိန်း စတင်

ရန်ကုန်တိုင်း လျှပ်စစ်ကဏ္ဍအတွက် ၂၂ ဘီလီယံကျော် အသုံးပြုသွားမည်နှင့် ဓာတ်အားမလောက်၍ ဒီဇယ်စက်များဖြင့်လည်ပတ်နေရဟုဆို

Source Myanmar Time


Read times Last modified on Tuesday, 10 September 2019 10:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.