Monday, 09 September 2019 08:06

YBS_free.jpg

လာမည့် စက်တင်ဘာ ၁၀ရက် ၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည့် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း နှင့် ဂျပန်လက်ရွေးစင် ဘောလုံးအသင်းတို့၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လာရောက်အားပေးမည့် ပရိသတ်များအပြန်ခရီးစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ YBS ယာဉ်အစီး ၅၀ (အခမဲ့) စီစဉ်ပေးမည်ဟု သိရသည်။

အဆိုပါ ဘောလုံးပွဲစဉ်ကို လာရောက်အားပေးကြမည့် မြန်မာပရိသတ်များ အိမ်အပြန်ခရီးအတွက် အခမဲ့ယာဉ်စီးနင်းနိုင်ရန် MFF နှင့် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တို့ က ပူးပေါင်း ၍ စီစဉ်ခြင်းဖြစ်သည်။

ac550b751c05d513d859ea611f80b816_L.jpg

အိမ်အပြန်ခရီးစဉ်အတွက် ကားအစီးရေ ၅၀ စီးကို ဘောလုံးကွင်းမှ သာကေတ/ကျောက်တိုင်-ဆူးလေ ၁၀ စီး၊ ဘောလုံးကွင်းမှ စံပြဈေး-၇/၈ လမ်းဆုံ-ဒဂုံတက္ကသိုလ် ၁၀ စီး၊ တောင်/မြောက်လမ်းဆုံ-လှော်ကား ၁၀ စီး၊ ဝေဇယန္တာ-ခြောက်ကွေ့ ၁၀ စီး၊ ရန်ကင်း-လှည်းတန်း-သမိုင်းလမ်းဆုံ ၁၀ စီး အသီးသီး ဖြစ်သည်။

Source Myanmar Time


Read times Last modified on Monday, 09 September 2019 09:10
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.