Tuesday, 20 August 2019 04:16

 

5d363ca80f25442ca88a8553_1.jpg

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သြဂုတ်လ ၂၀ ရက်နှင့် ၂၂ ရက်တို့၌ မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ယာယီဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။

အဆိုပါ မြို့နယ်များမှာ မြောက်ဥက္ကလာပ၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့ သစ် (တောင်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊တာမွေ၊ ရန်ကင်း၊ လမ်းမတော်၊ မရမ်းကုန်း၊ ကမာရွတ်၊ လသာမြို့ နယ်တို့ ဖြစ်သည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ရေရှည်ဓာတ်အား ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ၀န်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်မည် ဖြစ်သောကြောင့် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေးရုံးများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://bit.ly/2Nqr11N 


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.