Friday, 16 August 2019 11:56

 

road_1.jpg

ရန်ကုန် - ထားဝယ်အဝေးပြေးကားလမ်းရှိ ထားဝယ်မှ မိုင် ၈၀ အကွာ မလွှဲတောင်တွင် မြေပျိုမှုများဖြစ်ခဲ့ပြီး လမ်းသား ပြတ်တောက်မှုများဖြစ်ခဲ့သည်။

လမ်းသားပြတ်တောက်နေသည့် မလွှဲတောင်လမ်းပိုင်းကို တောင်ပြိုမြေများကို ဖယ်ရှားရှင်းလင်းပြီး ဆက်လက်ပြင်ဆင်နေဆဲ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လမ်းဦးစီးဌာနအနေနှင့် ဘေလီတံတားထိုးပြီးလျှင် ကားငယ်များ ၁၆ ရက်နေ့နောက်ပိုင်းမှ ဖြတ်သန်းခွင့်ရမည် ဖြစ်သော်လည်း ကားကြီးများအနေနှင့်မူ ၁၈ ရက်နေ့ နောက်ပိုင်းမှသာ ဖြတ်သန်းနိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားသည်။

>>> ပိုမိုစည်ကား ကျယ်ပြန့် တဲ့ မြို့တော်ဖြစ်လာမယ့် ရန်ကုန်

အဆိုပါလမ်းပိုင်းပျက်စီမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူတို့အတွက် ကြန့်ကြာမှုများကြုံနေရသည်။

iMyanmarhouse


Read times Last modified on Monday, 19 August 2019 02:58
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.