Thursday, 15 August 2019 09:55

 

ce150f831f1f67bf8fb4ba5c7169076aac6b2207.jpg

ရန်ကုန်ကို ပိုမိုကျယ်ပြန့်တဲ့ မြို့တော်ကြီးဖြစ်ဖို့ တိုးချဲ့သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

လက်ရှိမှာ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ဒဂုံမြို့နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီး မကြာခင်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်-ဒလ တံတားတည်ဆောက်မှု ပြီးစီးသွားပါက ဒလမြို့နယ်ဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်မြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေဟာ အမြဲတမ်းဆောင်ရွက်နေရမှာ ဖြစ်ပြီး အရေးကြီးလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

>>> ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း (၃,၀၀၀) ကျော် ဖန်တီးပေးနိုင်မည်

ဒီလို ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

နောက်ပိုင်းကာလတွေမှာ ရန်ကုန်တိုင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းတွေကို လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ အပိုင်းလိုက် ခွင့်ပြုနိုင်တဲ့ အခြေအနေတွေကို မြို့နယ်တွေအလိုက် ကြိုတင်အသိပေးထားတယ်လို့ ဆိုပါတယ်။

>>> ဆောက်လုပ်ရေးလုပ်ငန်းများ

ဆောက်လုပ်ခွင့်ရ ဇုန်တွေကိုလည်း သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပြီး ဖွံ့ဖြိုးရေးဇုန်၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဇုန် စတဲ့ ဇုန်အလိုက် သတ်မှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဇုန်တွေကို သတ်မှတ်ပြီးပါက ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်နိုင်ဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့ သိရပါတယ်။

Myanmar Builders Guide


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.