Wednesday, 31 July 2019 04:13

 

National-Animal-of-Myanmar.jpg

မြန်မာနိုင်ငံအတွင်း ကျားများကျင်လည်ကျက်စားနေသည့် နယ်မြေသည် နိုင်ငံဧရိယာ၏ ခုနစ်ရာခိုင်နှုန်းခန့် ဧကအားဖြင့် ၁၂ သန်းကျော်ရှိပြီး လေ့လာမှုများအရ ကျင်လည်ကျက်စားသည့် နယ်မြေရှစ်ရာခိုင်နှုန်းအတွင်း အနည်းဆုံးကျား ၂၂ ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ကမ္ဘာ့ကျားများနေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အရေအတွက်သည် ကျားကျက်စားနယ်မြေ စုစုပေါင်း ရှစ်ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်း ဓာတ်ပုံများကို တစ်ကောင်ချင်း စိစစ်ခွဲခြားရာမှ ရရှိသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

>>> အပန်းဖြေကစားကွင်းများ

မြန်မာနိုင်ငံအတွင်း ကျင်လည်ကျက်စားနေဆဲ ကျားများကို တန်ဖိုးထားထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ မြန်မာအနုပညာရှင်များကလည်း အနုပညာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

IUCN မှ ထုတ်ပြန်ထားသည့် ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ စာရင်းတွင် ကျားကိုမျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် ထည့်သွင်းသတ်မှတ်ထားပြီး IUCN ၏၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော နောက်ဆုံးစစ်တမ်းအရ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျားများ မျိုးသုဉ်းသွားနိုင်ခြေ ရှိကြောင်း သိရသည်။

>>> အခမဲ့ သင်ကြားပေးမယ့် ဟိုတယ်ဝန်ဆောင်မှုအခြေခံသင်တန်း

ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝကျားကောင်ရေ ၄၀၀၀ အောက်သာရှိကာ အများစုမှာ အိန္ဒိယတွင်ဖြစ်ပြီး အရှေ့တောင်အာရှ အနေဖြင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက သဘာဝကျားကောင်ရေ တစ်ရှိန်ထိုး ကျဆင်းမှုနှင့်အတူ ကျားများ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Source MOI


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.