Tuesday, 30 July 2019 05:16

 

dsc_3217.jpg

နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခအလင်းပညာဒါနကျောင်းမှ ပြည်တွင်းရှိ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ဟိုတယ်ဝန်ဆောင်မှု အခြေခံသင်တန်းကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနဲ့ ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံ၊ (၁၈) နှစ်ပြည့် မှတ်ပုံတင်မိတ္တူနဲ့ အတူ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါတယ်။

အင်တာဗျူးဖြေဆိုရမယ့် ရက်ကတော့ သြဂုတ်လ ၃ ရက်နေ့၊ မနက် ၉း၃၀ ဖြစ်ပြီး သင်တန်းစတက်ရမယ့် ရက်ကတော့ သြဂုတ်လ ၁၀ ရက်နေ့၊ စနေနေ့ ဖြစ်ပါတယ်။

သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းအချိန်စာရင်းကတော့ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း၊ မနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ ဖြစ်ပါတယ်။

>>> ဟိုတယ်များ

လိုအပ်တာတွေကတော့

(၁) အသက် (၁၉) နှစ်မှ (၃၀) နှစ်အတွင်း ဖြစ်ရပါမယ်။
(၂) ပညာအရည်အချင်းအနေနဲ့ အနိမ့်ဆုံး ၁၀တန်း စာမေးပွဲ ဖြေဆိုဖူးသူ ဖြစ်ရပါမယ်။
(၃) ကြားရက်တွေမှာ On Job Training ဆင်းရမှာ ဖြစ်တဲ့အတွက် သင်တန်းကာလ ၂လလုံး အချိန်ပေးနိုင်သူ ဖြစ်ရပါမယ်။
(၄) အခြားသင်တန်း၊ ကျောင်း၊ တက္ကသိုလ် တစ်ခုခု တက်ရောက်နေသူများ လျှော်ထားရန် မလိုပါ။

>>> အဝတ်လျှော်စက်ထဲကို ဘယ်လိုအရာတွေ ထည့်မလျှော်သင့်ဘူးလဲ

အသေးစိတ်သိရှိလိုပါကလည်း သုခအလင်းပညာဒါန သင်တန်းကျောင်း၊ ဖုန်း ၀၉-၄၂၁၀၁၉၁၅၀ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.