Monday, 29 July 2019 10:54

 

LOT.jpg

သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်မည့် ခြောက်ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်များ ရောင်းရငွေ ကျပ်သန်းပေါင်း သုံးသောင်းခန့်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။

ခြောက်ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ‘က’ အက္ခရာမှ အစဉ်လိုက် ‘ကဂ’ အက္ခရာအထိ စုစုပေါင်း အက္ခရာ ၃၆ လုံး ထီစာအုပ် ၂၉၄၅၄၄၈ အုပ်၊ ထီလက်မှတ်စောင်ရေ ၃၂၃၉၉၉၂၈ စောင် ရောင်းချခဲ့ကြောင်း သိရသည်။

ထီလက်မှတ်စာအုပ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ အထိ ရှိပြီး ထီဆုကြေးငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း ၁၇၆၇၂ ဒသမ ၆၈၈ ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက သိရသည်။

>>> ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အသင့်စား စားသောက်ကုန်များ

သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်မည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆု၊ ကျပ်သိန်းတစ်သောင်းဆု၊ ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု စသည်ဖြင့် ခွဲဝေချီးမြှင့်မည် ဖြစ်သည်။

ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု၊ ကျပ်တစ်ဆယ်သိန်းဆု၊ ကျပ်ငါးသိန်းဆုမဲများနှင့် ဝေဝေဆာဆာ ဆုမဲများဖြစ်သော ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆုနှင့် ကျပ်ငါးသောင်းဆုများကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။

>>> ထီဆိုင်များ

ထီပေါက်ပြီးနောက် သတ်မှတ်ကာလအတွင်း ဆုကြေးငွေလာရောက်ထုတ်ယူခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ အား ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း၂ဝဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆုနှင့် ကျပ် ဆယ်သိန်းလေးဆု စုစုပေါင်း ၂၂၂၄ ဆုကို ထပ်မံ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

dailyeleven


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.