Monday, 22 July 2019 05:14

2000.jpeg

စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသော တက္ကစီယာဉ်များနှင့် စီးတီးတက္ကစီမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

YRTA က စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ကာလအတွင်း တက္ကစီယာဉ်ပိုင်ရှင်များက စနစ်တကျ လာရောက်သတင်းပို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သို့ရာတွင် စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်သက်တမ်းတိုးရန် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်အသစ်များနှင့် စီးတီးတက္ကစီယာဉ်အချို့ ကျန်ရှိနေပြီး အဆိုပါ ယာဉ်ပိုင်ရှင်အချို့က မှတ်ပုံတင်ခွင့်နှင့် သက်တမ်းတိုးခွင့် ဆောင်ရွက်ပေးပါရန် YRTA ရုံးချုပ်သို့ လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများကို YRTA ရုံးချုပ်၊ အမှတ် ၆၅၊ လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်သို့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက စစ်ဆေးအရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း YRTA မှ သိရသည်။

>>> ငါးကြီးဆီကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များနှင့် တက္ကစီယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ကြီးကြပ်ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ တက္ကစီယာဉ်များကို ငှားရမ်း အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်၍ YRTA က စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Ministry of Commerce


Read times Last modified on Monday, 22 July 2019 05:47
Rate :
(0 votes)

4 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.