Friday, 12 July 2019 03:33

 

66499405_374793539769268_653444111189147648_n.jpg

ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ချို့တွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီထိ ယာယီဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC Kamayut မှ သိရသည်။


ယာယီဓာတ်အား ပြတ်တောက်မည့် နေရာများမှာ ဘုရင့်နောင်တာဝါ ၁၊ ၂၊ ကွမ်းခြံ ၃ လမ်း၊ ၄ လမ်း၊ ၅ လမ်း၊ မင်္ဂလာလမ်း၊ ပဒေသာလမ်း၊ ယုဇနလမ်း၊ ရတနာလမ်း၊ ပြည်ရိပ်မွန် ၆ ရပ်ကွက်နှင့် ၇ ရပ်ကွက်၊ ဗဟိုလမ်းနှင့် သီရိမင်္ဂလာလမ်းတို့ ဖြစ်သည်။

ကမာရွတ်မြို့နယ်အတွင်းရှိ 6.6kV ဆင်မလိုက်- အေးရိပ်မွန်ဖီဒါနှင့် 6.6kV ဆင်မလိုက်-ဗဟိုလမ်း ဖီဒါ ကောင်းကင်ဓာတ်အားလိုင်းကို Underground ဓာတ်အားလိုင်းအဖြစ် ပြောင်းလဲတည်ဆောက်မည် ဖြစ်သောကြောင့် ထိုသို့ ယာယီဖြတ်တောက်ခြင်း ဖြစ်သည်။

>>> ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်သည့် မြို့နယ် ( ၈ ) မြို့နယ်

အဆိုပါ ကောင်းကင်ဓာတ်အားလိုင်းသည် YCDC မှဆောင်ရွက်လျက်ရှိသော ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းဆုံရှိ လှည်းတန်းဂုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် မလွတ်ကင်းသောကြောင့် ပြောင်းလဲ တည်ဆောက်ရခြင်း ဖြစ်သည်။

YESC


Read 129 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.