Thursday, 11 July 2019 10:05

 

66046757_2499165933467960_2657331506241863680_o.jpg

Boolean အသင်းက တီထွင်ခဲ့သည့် "SafeMe" Application သည် အမျိုးသမီးများ၏ လွတ်လပ်စွာ သွားလာနေထိုင်မှုကို အဟန့်အတားပြုနေသည့် အခက်အခဲများကို လျင်မြန်စွာ အကူအညီပေးနိုင်မည့် "SafeMe" ဆိုတဲ့ Application တစ်ခုကို Boolean အသင်းက တီထွင်ခဲ့ပါသည်။

Boolean အသင်းသည် The Startup Challenge 2019 ၏ “Tech for Women Safety” ခေါင်းစဉ်အတွက် ပါဝင်ယှဉ်ပြိုင်ရာမှာ အနိုင်ရရှိခဲ့သော အသင်းတစ်သင်း ဖြစ်ပါသည်။

“SafeMe” တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရသည့်အခါဖြစ်စေ၊ မလုံခြုံဘဲ အန္တရာယ်ရှိနေသည်ဟု ခံစားရသည့်အခါဖြစ်စေ အလျင်အမြန်အကူအညီတောင်းနိုင်သည့် အရေးပေါ်ခလုတ်ပါရှိပါသည်။

Application တွင် GPS စနစ်ပါဝင်မှုကြောင့် သုံးစွဲသူအမျိုးသမီးက အကူအညီတောင်းခံသည့်အခါ ထိုအမျိုးသမီးက ခွင့်ပြုထားသောသူများသည် သူမ၏ တည်နေရာကို ခြေရာခံနိုင်ပြီး ချက်ချင်း အကူအညီ ပေးပို့နိုင်မည် ဖြစ်သည်။

>>> ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိထားသင့်သည့် ပြစ်ဒဏ်များ

ထို့အပြင် အဆိုပါ application ထဲတွင် ကိုယ်ခံပညာ သရုပ်ပြပုံများနှင့် မိမိအား လိင်ပိုင်းဆိုင်ရာ စော်ကားသူကို မည်သို့သော ဥပဒေများဖြင့် အရေးယူနိုင်သည်တို့ကိုပါ ထည့်သွင်း ပေးထားပါသည်။

Phandeeyar


Read 133 times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.