Thursday, 11 July 2019 05:25

 

trishaws-in-yangon_1.jpg

၁။ အနှေးယာဉ် (ဆိုက်ကား) မဝင်ရ လမ်းဝင်ခြင်း

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် နယ်မြေနှင့် လမ်းများပေါ်တွင် အနှေးယာဉ် မဝင်ရလမ်းတွင် အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း ပြုလုပ်ပါက
ပုဒ်မ ၃၁၄/(ဇ) အရ ငွေဒဏ်ကျပ် (၁) သောင်းမှ (၅) သောင်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

လမ်းနှင့်စင်္ကြံများပေါ်တွင် ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း ပြုလုပ်ပါက ပုဒ်မ ၃၁၅/(ဋ)အရ ငွေဒဏ်ကျပ် (၁) သိန်းမှ (၅) သိန်းအထိ
ဆက်လက်ကျူးလွန်လျှင် ထောင်ဒဏ် (၃) လ အထိ ချမှတ်ခံရမည် ဖြစ်သည်။

>>> မိဘများ သတိပြုသင့်သည့် သက်ငယ်မုဒိန်းမှု ဖြစ်စေတတ်သော အခြေအနေများ

၂။ ကားမဝင်ရ လမ်းဝင်ခြင်း

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီက သတ်မှတ်သည့် လမ်းတွင် မောင်းနှင်ခွင့်မပြုသော ယာဉ်အမျိုးအစား ဖြစ်စေ၊ ခွင့်ပြုသည့် ဝန်ထက်ပို၍ တင်ဆောင်ထားသော ယာဉ်ဖြစ်စေ မောင်းနှင်ခြင်း ပြုလုပ်ပါက ပုဒ်မ ၃၁၅/(ဌ)အရ ငွေဒဏ်ကျပ် (၁) သိန်းမှ (၅) သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

၃။ ကရိန်းစွဲယာဉ်

မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း ပြုလုပ်ပါက ပုဒ်မ ၃၁၅/(ဍ)အရ ငွေဒဏ်ကျပ် (၁) သိန်းမှ (၅) သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောက်အယှက်ဖြစ်စေသည့် အတားအဆီး ပြုလုပ်ပါက ပုဒ်မ ၃၁၅/(ဎ)အရ ငွေဒဏ်ကျပ် (၁) သိန်းမှ (၅) သိန်းအထိ၊ ဆက်လက်ကျူးလွန်လျှင် ထောင်ဒဏ် (၃) လ အထိ ချမှတ်ခံရမည် ဖြစ်သည်။

>>> ကားအပိုပစ္စည်းအရောင်းဆိုင်များ

၎။ လမ်းဘေးဈေးရောင်းခြင်း

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ခွင့်ပြုသည့် နေရာ၊ အချိန်တို့မှအပ လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်းပြုလုပ်ပါက ပုဒ်မ ၃၂၃/(ဇ)အရ ငွေဒဏ်ကျပ် (၁) သောင်းမှ (၁) သိန်းအထိ၊ ဆက်လက်ကျူးလွန်လျှင် ထောင်ဒဏ် (၁) လ အထိ ချမှတ်ခံရမည် ဖြစ်သည်။

၅။ ကြော်ငြာခွန်မပါ ယာဉ်ဖြင့် ဈေးရောင်းခြင်း

ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်း ပြုလုပ်ပါက ပုဒ်မ ၃၂၃/(ဈ)အရ ငွေဒဏ်ကျပ် (၁) သောင်းမှ (၁) သိန်းအထိ၊ ဆက်လက်ကျူးလွန်လျှင် - ထောင်ဒဏ် (၁) လ အထိ ချမှတ်ခံရမည် ဖြစ်သည်။

YCDC


Read times Last modified on Thursday, 11 July 2019 06:57
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.